International Sports: ဂိုးအများဆုံး သွင်းတဲ့ပွဲအဖြစ် စံချိန်တင်ပြီး ဒေါ့မွန်နောက်တစ်ဆင့်တက်

နှစ်ဖက်သွင်းဂိုး ၁၂ ဂိုးအထိ ရှိခဲ့ပါတယ်။

play

 

ဂျာမန်ကလပ် ဒေါ့မွန်အသင်းက ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်-၅ မှာ လီဂျီယာဝါဆောအသင်းကို ၈ ဂိုးသွင်းကာ နိုင်ပွဲရပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒေါ့မွန် ၈-၄ လီဂျီယာဝါဆော ပွဲစဉ်ဟာ ချန်ပီယံလိဂ် သမိုင်းမှာ ဂိုးအများဆုံးမြင်ရတဲ့ပွဲအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

play

 

ပွဲစပြီး ဆယ်မိနစ်မှာတင် လီဂျီယာဝါဆောဘက်က အဖွင့်ဂိုး အရင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၂ မိနစ်အတွင်းမှာ နောက်ထပ် ၆ ဂိုးအပြန်အလှန်သွင်းယူခဲ့ကြလို့ ဒေါ့မွန်အသင်းနဲ့ လီဂျီယာဝါဆော ပွဲစဉ်ဟာ ဂိုးအများဆုံး မြင်ခဲ့ရတဲ့ပွဲအဖြစ် စံချိန်တင်ခဲ့တာပါ။

လီဂျီယာဝါဆောဘက်က ရီဟိုဗစ် ဆယ်မိနစ်မှာ ဂိုးသွင်းပြီးနောက် ဒေါ့မွန်ဘက်က ကာဂါဝါက ၁၇ မိနစ်နဲ့ ၁၈ မိနစ်မှာ ဆက်တိုက်ဂိုးသွင်းနိုင်ခဲ့လို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်တစ်ခါ ပွဲချိန် ၂၀ မိနစ်မှာ ဆာဟင်က နောက်တစ်ဂိုးထပ်သွင်းလို့ ဒေါ့မွန် ၃-၁ နဲ့ဦးဆောင်ခဲ့တာပါ။

play

 

ဒါပေမဲ့ ၂၄ မိနစ်မှာ ဝါဆောဘက်က အဖွင့်ဂိုးရှင် ရီဟိုဗစ်ကပဲ ဂိုးထပ်သွင်းခဲ့လို့ ဒုတိယဂိုးရခဲ့ပြန်ပါတယ်။ ၂၄ မိနစ်မှာ ဒီဘီးလ်နဲ့ မာကိုရူးစ်က တစ်ဂိုးစီသွင်းခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ ဒေါ့မွန်က ၅-၂ ဂိုးနဲ့ လီဂျီယာဝါဆောကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ပထမပိုင်း ၂၅ မိနစ်အတွင်း ငါးဂိုးအပြန်အလှန် သွင်းနိုင်ခဲ့တဲ့ ပထမဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

play
play

 

ဒုတိယပိုင်းမှ ဒေါ့မွန်အတွက် မာကိုရူးစ်က နှစ်ဂိုးထပ်သွင်းပြီး ပက်စ်လက်က တစ်ဂိုးထပ်သွင်းကာ လီဂျီယာဝါဆောက နှစ်ဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ နှစ်သင်းသွင်းဂိုး အများဆုံးဖြစ်သွားတဲ့ပွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက မိုနာကို ၈-၃ ဒီပို့တီပို ပွဲစဉ်ကိုကျော်ဖြတ်ကာ ဂိုးအများဆုံးသွင်းတဲ့ပွဲ ဖြစ်လာခဲ့တာပါ။

 

ှSource : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ