International Sports: ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရဖူးသည့် အချိန်ကို ရော်နယ်ဒို ထုတ်ဖော်

အောင်မြင်မှု များစွာရနေတဲ့ ရော်နယ်ဒိုလည်း အရမ်းဝမ်းနည်းလို့ ငိုခဲ့ရတဲ့အချိန် ရှိခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီအတွင်း  လက်ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ်ဖလားကို ရရှိခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဲဒီယူရိုချန်ပီယံရှစ်ဗိုလ်လုပွဲအတွင်းမှာ ပြင်သစ်ကစားသမား ပေယက်ရဲ့ ဖြတ်ထုတ်မှုကို ခံရပြီးနောက် ဒူးဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကွင်းထဲမှာ ဆက်မပြေးနိုင်တော့တဲ့အတွက် ရော်နယ်ဒိုက ကွင်းထဲကထွက်ပြီးလူစားလဲဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

play

 

ဒဏ်ရာကို ကုသဖို့ အသင်းဆရာဝန်နဲ့အတူ အဝတ်လဲခန်းထဲ သွားခဲ့တဲ့နောက်မှာ ဒဏ်ရာဟာ ချက်ခြင်းပြန်မသက်သာ လာခဲ့လို့ ရော်နယ်ဒိုတစ်ယောက် ကြောက်လန့်ပြီးငိုကြွေးခဲ့တယ်လို့ ဆိုပါတယ်။ " ဆရာဝန် ကုပေးလိုက်ရင် ကျွန်တော်မြန်မြန်ပျောက်သွားမယ်လို့ ထင်ခဲ့တာ။ ကျွန်တော်မှားသွားတယ်။ ပိုပြီးတော့ ဒဏ်ရာက ဆိုးလာမှာကိုလည်း ကြောက်ခဲ့တယ်။ ကျွန်တော့်ရဲ့ဒူးတော့ လုံးလုံး သုံးမရတော့ဘူးလို့ထင်ပြီး ငိုခဲ့မိတယ်" လို့ ရော်နယ်ဒိုက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာပါ။

 

အဝတ်လဲခန်းထဲမှာလည်း ဘယ်လိုမှမနေနိုင်တဲ့အဆုံး ကွင်းထဲကိုပြန်ဝင်လာပြီး အရန်ခုံကို ရောက်လာခဲ့တာလို့ ရော်နယ်ဒိုက ပြောပါတယ်။ ဗိုလ်လုပွဲစဉ်မှာ ရော်နယ်ဒိုဟာ အသင်းနည်းပြနဲ့အတူ ကစားသမားတွေကို ကွင်းဘေးကတစ်ဆင့် ညွှန်ကြားခဲ့ပါသေးတယ်။ သူ့ကစားသမားတွေက သူ့ကိုလေးစားတဲ့အတွက် သူသာနည်းပြလုပ်ခဲ့မယ်ဆိုရင်လည်း အဆင်ပြေမှာဖြစ်ကြောင်း ရော်နယ်ဒိုက ပြောပါသေးတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ