International Sports: ကမ္ဘာ့အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်မှု (ဗီဒီယို)

ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကိုမှ ဝင်အောင်မကန်နိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ပါတယ်။

 

ကမ္ဘာ့ဘောလုံးလောကမှာ အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်မှုတွေကို ပရိသတ်တွေ မြင်ဖူးကြမှာပါ။ အခု ဘောလုံးသမား တစ်ဦး ဂိုးပေါက်လွဲချော်မှုကတော့ ကမ္ဘာ့အဆိုးရွားဆုံး လို့တောင် ဆိုနိုင်မှာ ဖြစ်ပါတယ်။ဆားဘီးယားပြည်တွင်းဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ လိဂ်-၄ ဘောလုံးပြိုင်ပွဲက ပွဲစဉ်တစ်ခုမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

play

 

Belgrade Zone League လို့အမည်ရတဲ့ အဆိုပါအမှတ်ပေးဘောလုံးပြိုင်ပွဲမှာ နံပါတ် ၁၅ ဝတ်ဆင်ထားတဲ့ ကစားသမားတစ်ဦးဟာ ဂိုးသမားထံကနေ ဘောလုံးကို ကျော်ဖြတ်ရယူသွားပြီး ဂိုးပေါက်ရှေ့တည့်တည့်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

တားဆီးနိုင်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့အတွက် ပြိုင်ဘက်အသင်း ဂိုးသမားရော၊ နောက်ခံကစားသမားတွေပါ သူ့ထံကို တားဆီးဖို့ ရောက်မလာခဲ့ကြပါဘူး။ ဂိုးဘားတန်းအောက်ကို ဘောလုံးဆွဲယူလာပြီး ဂိုးကန်သွင်းလိုက်ပေမဲ့ အံ့အားသင့်စရာ ကောင်းလောက်အောင် နံပါတ် -၁၅ ဘောလုံးသမားရဲ့ ကန်ချက်ဟာ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

play

 

အဆိုပါကစားသမားရဲ့ နာမည်ကိုတော့မသိရသေးပါဘူး။ သူ့ရဲ့လွဲချော်မှုကတော့ ကမ္ဘာ့အဆိုးရွားဆုံးစာရင်း ဝင်လောက်တယ်လို့ ဆိုနိုင်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ