International Sports: လမ်းခွဲသွားတဲ့ ချစ်သူကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ ဘောလုံးသမား

, updated

အိမ်ထဲဝင်ပြီး ကောင်မလေး အိပ်ပျော်နေစဉ် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

play

 

ဆယ်ကျော်သက်အရွယ်လူငယ်ဘောလုံးသမားတစ်ဦးဟာ သူ့ရဲ့ချစ်သူကို သေနတ်နဲ့ ပစ်သတ်လိုက်မှုအတွက် ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံက အသက် ၁၈ နှစ်အရွယ်ဘောလုံးသမား ဝီလျံရီလေးဟာ သူ့ရဲ့ချစ်သူဟောင်းကို အိမ်ထဲ ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ စွဲချင်တင်ခံထားရတာဖြစ်ပါတယ်။ သူတိုနှစ်ဦးဟာ မကြာသေးခင်က ပြတ်ဆဲသွားကြသူတွေလည်းဖြစ်ပါတယ်။ ချစ်သူဟောင်း အမ်မာဝေါ်လ်ကာနဲ့ပတ်သတ်ပြီး ဝီလျံက တွစ်တာမှာ ပို့စ်တစ်ခုတင်ကာ ရေးသားခဲ့သေးတယ်လို့ ဆိုပါတယ်။

play

 

တွစ်တာမှာ ရေးသားပြီးနာရီပိုင်းအကြာမှာပဲ ဝီလျံကို ရဲတွေက လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ မေရီဗီးလ်ကောလိပ်ရဲ့ ဘောလုံးသမားဖြစ်တဲ့ ဝီလျံဟာ ဝေါ်လ်ကာကိုသတ်ခဲ့တာဖြစ်ကြောင်း သေဆုံးသူရဲ့အဒေါ်ဖြစ်သူက အခိုင်အမာဆိုထားပေမယ့် ဝီလျံကတော့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

play

 

" ကလေးမက ဇာတ်လမ်းကိုအဆုံးသတ်ပြီးရှေ့ဆက်သွားချင်။ ဒါပေမယ့် ကောင်လေးက ဒါကိုလက်မခံဘူး" လို့အဒေါ်ဖြစ်သူ ဂျင်းနီက ပြောထားပါတယ်။ ဝီလျံဟာ အိမ်ခန်းပြတင်းပေါက်ကတဆင့် ဝင်ရောက်ပြီး သူ့ရဲ့ချစ်သူကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်မှာ သေနတ်ကိုင်တွယ်မှုကို ယခုထက်ပိုပြီး ထိန်းချုပ်သင့်သည် ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ