International Sports: မန်ယူ ၄-၀ ဖီယင်နော့ဒ် ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

ရွန်နေးခြေစွမ်းပြနိုင်မှုနဲ့အတူ မော်ရင်ဟိုလက်ထက် အကြီးမားဆုံး နိုင်ပွဲကို မန်ယူအသင်း ရှာတွေ့ခဲ့ပါတယ်။

play

 

မန်ယူအသင်းက ယူရိုပါလိဂ်ပွဲစဉ်မှာ ဖီယင်နော့ဒ် အသင်းကို လေးဂိုးပြတ် အနိုင်ယူလိုက်ပြီးတဲ့အခါ နောက်တစ်ဆင့် တက်ဖို့ ပိုပြီးအခွင့်အရေး ရှိလာပြီဖြစ်ပါတယ်။ ဒီပွဲအပြီး လူပြောအများဆုံးကတော့ ရွန်နေးခြေစွမ်းပြနိုင်ခဲ့တဲ့ ဖြစ်ရပ်ကိုပါ။ မန်ယူ ၄-၀ ဖီယင်နော့ဒ်ပွဲအပြီး လေ့လာစရာ  အချက် (၅) ချက်ရှိပါတယ်။

၁။ အရေးပါနေဆဲ ရွန်နေး

play

 

အင်္ဂလန်အသင်းနဲ့ စခန်းဝင်လေ့ကျင့်နေစဉ်မှာ ညလုံးပေါက် အရက်သောက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ရွန်နေးရဲ့ ဘောလုံးသမား  ဘဝဟာ ဆုံးခန်းတိုင်ပြီလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အခုတော့ ဖီယင်နော့ဒ်နဲ့ပွဲမှာ ရွန်နေးက အဖွင့်ဂိုးသွင်းပေးပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

၂။ ရိုမီယို လက်စွမ်း

play

 

ဒီနေ့ပွဲစဉ်မှာ မော်ရင်ဟို ဒီဂီယာကို အနားပေးပြီး ဒုတိယဂိုးသမား ရိုမီယိုကို ပွဲထုတ်ခဲ့ပါတယ်။ ရိုမီယိုကြောင့်သာ မဟုတ်ရင် မန်ယူအသင်းဟာ အနည်းဆုံးနှစ်ဂိုးလောက် ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဖီယင်နော့ဒ်တိုက်စစ်မှူး ဒါ့ကူရစ်ရဲ့ ကန်ချက်နဲ့ ခါးစ်ဒေါ့ပ်ရဲ့ ကန်ချက်တို့ကို ရိုမီယို ကာကွယ်နိုင်ခဲ့တာပါ။

၃။ ဖီယင်နော့ဒ် ပရိသတ်များ

play

 

ဖီယင်နော့ဒ် ပရိသတ်တွေဟာ ဥရောပမှာ အဆိုးသွမ်းဆုံးအသင်းပရိသတ် စာရင်းထဲ ပါဝင်သူတွေဖြစ်ပါတယ်။ ဒီပွဲကို ရဲအင်အား ပုံမှန်ထက်ပိုများများ ထားခဲ့ရပါတယ်။ ပြဿနာ ကြီးကြီးမားမား မဖြစ်ခဲ့ပေမဲ့ ပွဲမစခင် အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။

၎။ ပေါ့ဂ်ဘာအတွက် အကောင်းဆုံး အတွဲအဖက်

play

 

မော်ရင်ဟိုက ဒီပွဲမှာ ကာရစ်ကိုလည်းပွဲထုတ်ခဲ့ပါသေးတယ်။ ကာရစ်ဟာ ပေါ့ဂ်ဘာအတွက် အကောင်းဆုံး ကွင်းလယ် ကစားသမားဖြစ်ကြောင်း ဒီပွဲက သက်သေပြခဲ့ပြန်ပါပြီ။ ကာရစ်ကြောင့် ပေါ့ဂ်ဘာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပါတယ်။

၅။ မက်ခီတာယန် စွမ်းဆောင်ရည်

play

 

ဒီနေ့ပွဲမှာလည်း မက်ခီတာယန်ရဲ့ စွမ်းဆောင်ရည်ကို တွေ့ခဲ့ကြရပြန်ပါပြီ။ မက်ခီတာယန်ဟာ ရှားရှားပါးပါးပွဲထွက်ခွင့် ရတုန်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ နောက်ပွဲတွေမှာ ပွဲထွက်ခွင့် ထပ်ရဖို့ ရှိနေပါပြီ။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ