International Sports: ဒီဇိုင်းပြောင်းလဲသွားရခြင်း အကြောင်းရင်းကို မက်ဆီ ဖွင့်ဟ

မက်ဆီရဲ့ အပြောင်းအလဲဟာ ပရိသတ်တွေအကြား စိတ်ဝင်စားစရာ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ နွေရာသီမှာ အပြောင်းအလဲကြီး ပြောင်းလဲကာ ဆံပင်တွေဆေးဆိုးပြီး မုတ်ဆိတ်ကျင်ဆွယ်တွေ ထားခဲ့ရတဲ့ အကြောင်းရင်းကို မက်ဆီက ပြောပြလိုက်ပြီဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန် ဆံပင်အနက်ရောင်နဲ့သာ အမြဲရှိခဲ့ပြီး တစ်ကြိမ်တစ်ခါမှ မုတ်ဆိတ်ကျင်ဆွယ် အရှည်ထားခဲ့ခြင်းလည်း မရှိပါဘူး။ ဒါပေမယ့် ၂၀၁၆-၁၇ ဘောလုံးရာသီမတိုင်ခင်မှာ မက်ဆီဟာ ခေါင်းက ဆံပင်ကို ဆေးဆိုးလိုက်တဲ့အပြင် မုတ်ဆိတ်ပါးသိုင်းမွှေးတွေကိုလည်း အရှည်ထားခဲ့တာဖြစ်ပါတယ်။ ပြောင်းလဲသွားတဲ့ မက်ဆီရဲ့ ပုံစံဟာ ပရိသတ်တွေကြားထဲမှာ မေးခွန်းတစ်ခု ဖြစ်နေခဲ့တဲ့အပေါ် မက်ဆီက အခု ပြန်လည်ရှင်းလင်းလိုက်ပါပြီ။

play

 

ပြီးခဲ့တဲ့ နွေရာသီမှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဗိုလ်လုပွဲမှာ  အသည်းကွဲခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကိုမေ့ပစ်ဖို့အတွက် အစက ပြန်ကြိုးစားမယ်လို့ စဉ်းစားပြီး ပုံစံတွေကို ပြောင်းလဲပစ်လိုက်တာလို့ မက်ဆီက ပြောပါတယ်။ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် ချီလီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

play

 

မက်ဆီဟာ  အာဂျင်တီးနားအသင်းနဲ့အတူ ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ နှစ်ကြိမ်ရှုံးခဲ့တဲ့အပြငင် ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း အချိန်ပို သွင်းဂိုးပေးခဲ့ရလို့ ဗိုလ်လုပွဲမှာ ဂျာမနီကို ရှုံးခဲ့ပါသေးတယ်။ ကိုပါမေရိက ဗိုလ်လုပွဲအပြီးမှာ လက်ရွေးစင်ဘဝက အ နားယူပြီလို့တောင် မက်ဆီက ကြေငြာလိုက်ပါသေးတယ်။ ဒီဖြစ်ရပ်ဆိုးတွေကို မေ့ပစ်ဖို့နဲ့ အားလုံးကို သုညကနေ ပြန်စဖို့ ပုံစံတွေပြောင်းလဲပစ်ခဲ့တာလို့ မက်ဆီက ဆိုပါတယ် ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ