International Sports: ရည်းစားအသစ်ကို အမေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုရဲ့ရည်းစားအသစ် ဂျော်ဂျီနာဟာ ယောက္ခမလောင်းနဲ့ တွေ့ဆုံပြီးပြီဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ သူ့ရဲ့အသစ်စက်စက် စပိန်သူရည်းစား ဂျော်ဂျီနာကို မိခင်ဖြစ်သူနဲ့တောင် တွေ့ဆုံမိတ်ဆက်ပေးလိုက်ပြီလို့ သိရပါတယ်။

play

 

ရော်နယ်ဒိုရဲ့ ချစ်သူအသစ်နဲ့ မိခင်ကိုမိတ်ဆက်ပေးလိုက်ပြီဖြစ်လို့ ရော်နယ်ဒိုအနေနဲ့ ဒီတစ်ယောက်ကို အတည်တွဲဖို့ ရည်ရွယ်ထားပုံရတယ်လို့ မီဒီယာတွေက ဝိုင်းဝန်းရေးသားကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ ရော်နယ်ဒိုရဲ့က အသင်းဟောင်း စပို့တင်းလစ္စဘွန်းတို့ ပြန်တွေ့တဲ့ပွဲမှာ ဂျော်ဂျီနာဟာ ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူ ဒိုလိုရက်စ်အေဗီရိုနဲ့အတူတကွ ကြည့်ရှုအားပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

play

 

ပွဲအပြီးမှာ  အောင်ပွဲခံဓာတ်ပုံကို ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူက အင်စတာဂရမ်မှာ ပြန်လည်ဝေမျှခဲ့ပြီး အဲဒီဓာတ်ပုံထဲမှာ ရော်နယ်ဒိုရဲ့ ရည်းစားဂျော်ဂျီနာ ပါဝင်နေပါတယ်။ ဂျော်ဂျီနာမတိုင်ခင်မှာ ရော်နယ်ဒိုက မိသားစုနဲ့ မိတ်ဆက်ပေးခဲ့တဲ့ နောက်ဆုံးတစ်ယောက်ဟာ ရုရှားမော်ဒယ်သရုပ်ဆောင် အီရီနာရှိတ်ဖြစ်ပါတယ်။

play
ရော်နယ်ဒို၏ မိခင်တင်ထားသည့် ဓာတ်ပုံ

 

အီရီနာရှိတ်ဟာ ရော်နယ်ဒိုရဲ့အိမ်ကို အဝင်အထွက် ရှိခဲ့ပေမယ့် ရော်နယ်ဒိုမိခင်ရဲ့ မွေးနေ့ပွဲကို တက်ဖို့ ငြင်းဆန်ရာကစလို့ အဆင်မပြေဖြစ်ခဲ့ပြီး ပြတ်ဆဲသွားခဲ့ကြတာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ