International Sports: ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူး ထောင် ၁၀ နှစ်ကျခံရဖွယ်ရှိ

အခွန်ရှောင်လွှဲခဲ့လို့ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမားဟောင်း အီတူးဟာ ထောင်ဒဏ် ၁၀ နှစ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းမှာ ရှိခဲ့စဉ်က ကင်မရွန်းအသင်းတိုက်စစ်မှူးအီတူးဟာ အခွန်ရှောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် အစိုးရ ရှေ့နေတွေက အဆိုပါဘောလုံးသမားကို ထောင်ဒဏ် ၁၀ နှစ်ခွဲချမှတ်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ။် ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း တိုက်စစ်မှူးအီတူးဟာ ရရှိခဲ့တဲ့ ဝင်ငွေတွေထဲက ပြန်လည်ပေးဆောင်ရမယ့်အခွန်တွေကို ရှောင်လွှဲခဲ့တာ စုစုပေါင်း ပေါင် ၃ သန်းကျော်ရှိခဲ့တယ်လို့ တရားရုံးမှာ ရှေ့နေတွေက တင်ပြထားပါတယ်။

 

ထောင်ဒဏ်အပြင် ဒဏ်ငွေ ပေါင် ၁၂.၁ သန်းကိုပါ ပေးဆောင်ဖို့လည်း တရားလိုရှေ့နေတွေဘက်က တိုက်တွန်းထားပါတယ်။ ဒီကိစ္စအတွက် အီတူးနဲ့ သူ့ရဲ့ရှေ့နေတွေဘက်က ဘယ်လိုမှတ်ချက်မှ ပြန်ပေးထားခြင်းမရှိသေးပါဘူး။ စပိန်အစိုးရ ရှေ့နေတွေဟာ အီတူးမတိုင်ခင်မှာလည်း ဘာစီလိုနာကစားသမား နေမာကို ထောင်ဒဏ် ၂ နှစ်ချမှတ်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

play

 

ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့ချိန်မှာ အခွန်ရှောင်လွှဲခဲ့တဲ့အတွက် နေမာကို တရားစွဲထားတာ ဖြစ်ပါတယ်။

Source : Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ