International Sports: ထိပ်သီးနည်းပြ (၆) ဦးထုတ်ထားတဲ့ ထူးထူးဆန်းဆန်း ဥပဒေများ

အချို့နည်းပြတွေ ကစားသမားတွေအပေါ် ထုတ်ထားတဲ့ စည်းမျဉ်းတွေက နားလည်ရခက်ပါတယ်။

play

 

ထိပ်သီးဘောလုံးအသင်းတွေကို ကိုင်တွယ်နေတဲ့ နည်းပြတိုင်းလိုလိုမှာ ထူးခြားချက်ကိုယ်စီရှိပါတယ်။ တစ်ခါတစ်ရံမှာ ကစားသမားတွေအပေါ် အဆိုပါနည်းပြတွေ ထုတ်ထားတဲ့ စည်းကမ်းတွေက နားမလည်နိုင်အောင် ဖြစ်ရလေ့ရှိပါတယ်။

ကစားသမားတွေ အရက်မသောက်ရဆိုတာမျိုးက သမာရိုးကျ စည်းကမ်းဖြစ်ပေမဲ့ အချို့နည်းပြတွေက ဒီထက်ပိုပြီး ဆန်းပြားတဲ့ စည်းကမ်းတွေ ထုတ်လေ့ရှိပါတယ။်

၁။ မန်စီနီ

play

 

မန်စီးတီးနည်းပြဟောင်း မန်စီနီကတော့ အတော်ထူးခြားတဲ့နည်းပြပါ။ သူက မန်စီးတီးကစားသမားတွေကို တင်းတင်းကျပ်ကျပ်တားမြစ်ခဲ့တာက ခရမ်းရောင်အဝတ်အစား မဝတ်ဖို့ ဖြစ်ပါတယ်။

၂။ မော်ရင်ဟို

play

 

မော်ရင်ဟိုကတော့တစ်ခါတုန်းက အစည်းအဝေးလုပ်ခါနီး ကစားသမားလင်ဂတ်က ပိုကီမွန်ဂိမ်းဆော့နေလို့ ဒေါသထွက်ဖူးတယ်လို့ ဆိုပါတယ်။ ကစားပွဲနီးရင် သူရှင်းပြတဲ့ နည်းစနစ်အစည်းအဝေးမှာ အားလုံး အာရုံစိုက်နေမှ မော်ရင်ဟိုက ကြိုက်တာမျိုးပါ။

၃။ ဂွါဒီယိုလာ

play

 

ကောလာဟလတွေထွက်ခဲ့သလို ပွဲမကစားခင် ကစားသမားတွေကို ဂွါဒီယိုလာက ချစ်သူနဲ့မအိပ်ခိုင်းဘူးဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ ဂွါဒီယိုလာဟာ လေ့ကျင့်ခန်းဆင်းနေစဉ်မှာကစားသမားတွေကို အင်တာနက်မသုံးခိုင်းပါဘူး။ မန်စီးတီးလေ့ကျင့်ရေးကွင်းမှာ အင်တာနက်က အတော်နှေးတယ်လို့ သိရပါတယ်။

၎။ ဒီကာနီယို

play

 

ဆန်းဒါးလန်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။ တန်းဆင်းဇုန်ကလွတ်အောင် လုပ်နိုင်ခဲ့သူပါ။ ထူးထူးဆန်းဆန်းပဲ ကစားသမားတွေကို သူက စမတ်ဖုန်းမသုံးခိုင်းသလို၊ ခရမ်းချဉ်သီးအချဉ်လည်း မစားခိုင်းဘူးလို့ သိရပါတယ်။ ရေခဲရေလည်းမ သောက်ခိုင်းပါဘူး။

၅။ ဖာဂူဆန်

play

 

ဖာဂူဆန်ကတော့ ခရစ္စမတ်အားလပ်မှာ ကစားသမားတွေအပြင်ထွက်တာကို မကြိုက်ပါဘူး။ လူတိုင်းက အဲဒီရက်မျိုးမှာ ပျော်ပွဲရွှင်ပွဲ လုပ်ချင်ကြတာပါ။ မန်ယူအသင်းကလုပ်တဲ့ ခရစ္စမတ်ပွဲတောင် ဖာဂူဆန်လက်ထက်မှာ သိပ်ပြီးခမ်းခမ်းနားနား လုပ်လေ့မရှိပါဘူး။

၆။ ကွန်တီ

play

 

ဒီရာသီမှာ ချယ်လ်ဆီးနည်းပြဖြစ်လာတဲ့ ကွန်တီကလည်း ထူးခြားပါတယ်။ သူ့ရဲ့ကစားသမားတွေကို ပီဇာလုံးဝမစားခိုင်းပါဘူး။ ဒ့ါပြင် ခရမ်းချဉ်သီးအချဉ်နဲ့ အအေးတွေ မသောက်ခိုင်းဘူးလို့ သိရပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ