International Sports: ခန္ဓာကိုယ်ကို ဖောက်ထွင်းမင်နေရတဲ့ ဝတ်စုံကို ရီးရဲလ်မက်ဒရစ် ဘာကြောင့် ရွေးချယ်ခဲ့သလဲ

play

 

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ စပို့တင်းဂီဂျွန်နဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျာစီအင်္ကျီကို အဖြူရောင် ပြောင်ဒီဇိုင်းအဖြစ် ဝတ်ဆင်ကစားခဲ့တာ ပရိသတ်တွေ သတိပြုမိခဲ့ကြပါတယ်။  ရီးရဲလ်မက်ဒရစ်ဟာ အင်္ကျီအရှေ့မှာ ဘာမှမပါတဲ့ ဒီဂျာစီကို ဝတ်ခဲ့တာ အကြောင်းရှိပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျာစီကို အားကစားကုမ္ပဏီ Adidas ကဖန်တီးချုပ်လုပ်ပေးတာဖြစ်ပါတယ်။ အခုလည်း ဂျာစီရှေ့မှာ ဘာစာတန်းမှာ မပါတဲ့ ဂျာစီကို  Adidas ကုမ္ပဏီက ဖန်တီးပေးလိုက်တာဖြစ်ပြီးအဲဒီအင်္ကျီနဲ့ ဘောင်းဘီဟာ စွန့်ပစ်ပလပ်စတစ် ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးတဲ့ အနေနဲ့ မော်ဒိုက်ကမ်းရိုးတမ်းမှာရှိတဲ့ ပလပ်စတစ်အမှိုက်တွေကို စုစည်းကာ ပြုပြင်ဖန်တီးပြီး ချုပ်လုပ်ထားတာဖြစ်ပါတယ်။ ထူးဆန်းတာက ရီးရဲလ်မက်ဒရစ်အသင်းကို စပွန်ဆာပေးထားတဲ့ Fly Emirates အမှတ်တံဆိပ်ကို ရင်ဘတ်ရှေ့မှာ ခပ်မှိန်မှိန်သာ ထည့်သွင်းထားတာဖြစ်ပါတယ်။

play

 

ပွဲစဉ် ဒုတိယပိုင်းမှာ မိုးရွာသွန်းပြီးတဲ့အခါ ရီးရဲလ်မက်ဒရစ် ဂျာစီဟာ ကစားသမားတွေရဲ့ အတွင်းသားကို ဖောက်ထွင်းမြင်ရတဲ့ အင်္ကျီဖြစ်သွားခဲ့ပြီး အသင်းစပွန်ဆာ Fly Emirates အမှတ်တံဆိပ်ကို လုံးဝမှမမြင်ရတော့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ