International Sports: ဘရာဇီးဘောလုံးအသင်း တင်ဆောင်လာသည့် လေယာဉ် ကိုလံဘီယာတွင် ပျက်ကျ

အသက်ရှင်ကျန်ရစ်သူ ရှိ၊ မရှိကို မသိရသေးပါဘူး။

play

 

ဘရာဇီးဘောလုံးအသင်းအပါအဝင် လူပေါင်း ၇၂ ဦးကို သယ်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ ကိုလံဘီယာမှာ ယနေ့မနက် ပျက်ကျသွားကြောင်း သိရပါတယ်။

play


ကိုလံဘီယာနိုင်ငံ မက်ဒီလင်းအရပ်မှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ကြောင်း တာဝနယ်ရှိသူတွေ အတည်ပြုပေးထားပြီး အသက်ရှင်ကျန်ရစ်သူ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။ အဆိုပါလေယာဉ်ဟာ ဘိုလီဗီးယားနိုင်ငံကနေ ခရီးသည်တွေကို တင်ဆောင်က်ာပျံသန်းလာတာ ဖြစ်ပြီး ဘရာဇီးဘောလုံးအသင်း ရှာပါကွင်းစ်အသင်း အဖွဲ့လည်း စီးနင်းလိုက်ပါခဲ့တယ်လို့ သိရပါတယ်။

play

 

ရှာပါကွင်းစ်ဘောလုံးအသင်းဟာ တောင်အမေရိက ကလပ်အသင်းများ ပြိုင်ပွဲမှာ ကိုလံဘီယာကလပ် အသလက်တီကိုနေရှင်နယ် အသင်းကို ရင်ဆိုင်ဖို့အတွက် ခရီးထွက်လာတာ ဖြစ်ပါတယ်။ အခုတော့ ဒီနှစ်သင်းကစားမယ့် ဗိုလ်လုပွဲကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

 

ခရီးသည်တွေ တင်ဆောင်လာတဲ့ လေယာဉ်ဟာ မြို့ပြဧရိယာအပြင်ဘက် တောင်ကုန်းတွေဘက်မှာ ကိုလံဘီယာဒေသစံတော်ချိန် သန်းခေါင်ယံကျော်ကျော်လောက်မှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ