International Sports: ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲတွင် ယူကရိန်းသို့ လိုက်ပါအားပေးမည့် ပရိသတ်များ လုံခြုံရေးစိတ်မချရဟု မန်ယူသတိပေး

, updated

မန်ယူအသင်းအတွက် အုပ်စုတက်ဖို့ အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပါတယ်။

play

 

လာမယ့်တစ်ပတ် ယူရိုပါလိဂ် အဆုံးအဖြတ်ပွဲစဉ်အတွက် ယူကရိန်းကိုသွားရောက်ကစားရမယ့် မန်ယူအသင်းပွဲစဉ်မှာ အသင်းပရိသတ်တွေဟာ တိုက်ခိုက်ခံရမှု ရှိနိုင်ကြောင်း မန်ယူအသင်းက ပရိသတ်တွေကိုသတိပေးထားတယ်လို့ သိရပါတယ်။

play

 

ဒီဇင်ဘာ ၈ ရက်နေ့မှာ မန်ယူအသင်းက ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ် ကစားရမှာဖြစ်ပြီး ယူကရိန်းကလပ် ဇော်လယာလူဟန့်စ်အသင်းနဲ့ အိုဒက်ဆာမြို့မှာ ကစားရမှာဖြစ်ပါတယ်။ ဇော်ယာလးဟန့်စ်အသင်း အိမ်ကွင်းအခြေစိုက်ရာ ဒေသဟာ စစ်ဘေးဒဏ်သင့်နေတဲ့ နေရာဖြစ်တဲ့အတွက် အဲဒီကနေ မိုင်ပေါင်း ၅၀၀ ကျော်ဝေးတဲ့ နေရာမှာ အိမ်ကွင်းပွဲစဉ်တွေကစားဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ အိုဒက်ဆာမြို့ကို လိုက်ပါအားပေးမယ့် ယူနိုက်တက်ပရိသတ်တွေဟာလည်း ပြိုင်ဘက် အသင်းပရိသတ်တွေရဲ့ တိုက်ခိုက်ခံရမှုကို ခံရနိုင်ကြောင်း မန်ယူအသင်းက ပရိသတ်တွေထံ ကြေညာချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ ဘောလုံးလူရမ်းကားတွေ၊ အခြားလူမိုက်အုပ်စုတွေ ရှိနေနိုင်တာကြောင့် ဒီပွဲလိုက်ပါအားပေးမယ်ဆိုရင် သတိရှိကြဖို့ အသင်းက နှိုးဆော်ထားတာပါ။

တကယ်လို့ ဒီပွဲစဉ်ကို လိုက်ပါအားပေးဖို့ အရမ်းအန္တရာယ်ရှိတယ်လို့ သတ်မှတ်သူ ပရိသတ်တွေကိုတော့ လက်မှတ်ဝယ်ယူထားပြီးသားဆိုရင် ပိုက်ဆံပြန်အမ်းမယ်လို့ ဆိုပါတယ်။ အဲဒီအရပ်ကိုရောက်ရင် ကွင်းအပြင်မှာ မန်ယူအသင်းအင်္ကျီမဝတ်ဖို့ နှိုးဆော်ထားပါတယ်။

Source : Mirror

မန်ယူအသင်း ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်ရမည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ