AD
AD
AD
play

 

စပိန်ပြည်တွင်းဘောလုံးပြိုင်ပွဲတစ်ပွဲမှာ တစ်ဖက်အသင်းက ပရိသတ်တစ်ဦး နှောင့်ယှက်ခဲ့တဲ့အတွက် ဟာကျူးလက်စ်အသင်းဟာ ပင်နယ်တီလွဲချော်ပြီး ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒုတိယတန်း ဘောလုံးပြိုင်ပွဲမှာ ဟားကျူးလက်စ်အသင်းက အယ်လ်ကိုယာနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲချိန် ၂၇ မိနစ်မှာ ချေပဂိုးရမယ့်အခွင့်အရေးအဖြစ် ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ အသင်းကစားသမား ဖလောရက်စ် ပင်နယ်တီမကန်ခင်မှာ အယ်လ်ကိုယာနို အသင်းပရိသတ်တစ်ဦးက ဂိုးတိုင်အနောက်မှာ ဘောင်းဘီချွတ်ပြပြီး ကစားသမားကို အာရုံထွေပြားအောင် လုပ်ခဲ့တာဖြစ်ပါတယ်။

play

 

ဂိုးတိုင်နဲ့ ပွဲကြည့်စင်ဟာ အနည်းငယ်နီးကပ်နေခဲ့တဲ့အတွက် ပင်နယ်တီကန်မယ့် ဘောလုံးသမားဖလောရက်စ်ဟာ ဘောင်းဘီချွတ်ပြပြီး နှောင့်ယှက်နေတဲ့ ပရိသတ်ကို ကောင်းကောင်းမြင်နိုင်တဲ့အနေအထား ဖြစ်ခဲ့ပါတယ်။ အဆိုပါပရိသတ်ဟာ ဘောင်းဘီချွတ်ပြတဲ့အပြင် လက်အမူအရာ အမျိုးမျိုးလုပ်ပြကာ ကစားသမားအာရုံထွေပြားပြီး ပင်နယ်တီမဝင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးမှတော့ အာရုံထွေပြားနေတဲ့ ဖလောရက်စ်ဟာ ပင်နယ်တီကို တကယ်မဝင်ဘဲ လွဲချော်သွားခဲ့ပြီး အယ်လ်ကိုယာနို ပရိသတ်တွေလည်း အောင်ပွဲခံခဲ့ကြပါတယ်။ အဲဒီပွဲမှာ အယ်လ်ကိုယာနိုက် ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD