International Sports: ရှာပီကွမ်းစ်ဘောလုံးအသင်းအတွက် ဝမ်းနည်းပူဆွေးနေသည့် အင်္ဂလန်အသင်းများ

ဗိုလ်လုပွဲသွားကစားမယ့် ရှာပီကွမ်းစ်အသင်းစီးနင်းခဲ့တဲ့ လေယာဉ် ပျက်ကျခဲ့တာပါ။

play
ချယ်လ်ဆီးအသင်း လေ့ကျင့်ရေးကွင်းတွင် ငြိမ်သက်နေကြစဉ်

 

ဘရာဇီးဘောလုံး ကလပ်အသင်း ရှာပီကွမ်းစ်စီးနင်းသွားတဲ့လေယာဉ်ပျက်မှုနဲ့ ပတ်သက်ပြီး အင်္ဂလန်လိဂ်ဖလား ဘောလုံးပြိုင်ပွဲမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

play
နယူးကာဆယ်နှင့် ဟားလ်စီးတီး မကစားမီ

 

ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာပြီဖြစ်တဲ့ အင်္ဂလန် EFL ပွဲစဉ်တွေကို ဒီတစ်ပတ် ကြားရက်အတွင်း ကျင်းပနေတာဖြစ်ပြီး လီဗာပူး၊ လိဒ်၊ ဟားလ်စီးတီးနဲ့ နယူးကာဆယ်အသင်းတို့ ပွဲစဉ်တွေ ကစားပြီးပြီဖြစ်ပါတယ်။ ရှာပီကွမ်းစ်ဘောလုံးအသင်း စီးနင်းသွားတဲ့လေယာဉ်ဟာ လူပေါင်း ၇၆ ဦးကို သယ်ဆောင်လာပြီးနောက် ကိုလံဘီယာအတွင်းမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

play
ပွဲမစခင် တစ်မိနစ် ငြိမ်သက်ခဲ့သည့် လီဗာပူး

 

ရှာပီကွမ်းစ်ဘောလုံးအသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးပွဲတစ်ပွဲ ဖြစ်လာမယ့် တောင်အာဖရိက ကလပ်အသင်းများ ဖလားဗိုလ်လုပွဲကို ကစားဖို့ ကိုလံဘီယာကို ထွက်ခွာလာတာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ပါသွားတဲ့ ၇၆ ဦးထဲမှာ စုစုပေါင်း ခြောက်ဦးသာ အသက်ရှင်ကျန်ရစ်တဲ့အတွက် သေဆုံးသွားခဲ့တဲ့ ဘောလုံးအသင်းကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဂျာနယ်လစ်တွေအတွက်ဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းမှုကိုပြသနေကြတာဖြစ်ပါတယ်။

play

 

ကစားပြီးခဲ့တဲ့ EFL လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ရှာပီကွမ်းစ်ဘောလုံးအသင်း ဖြစ်ရပ်ဆိုးအတွက် တစ်မိနစ်ငြိမ်သက်ပေးခဲ့ပြီး လက်ကျန်ပွဲစဉ်တွေမှာလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းလည်း အဆိုပါဘောလုံးအသင်းဖြစ်ရပ်ဆိုးအတွက် အသင်းလေ့ကျင့်ရေးကွင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ