International Sports: လေယာဉ်ပျက်ခဲ့သည့် ရှာပီကွမ်းစ်ကိုသာ ချန်ပီယံအဖြစ် သတ်မှတ်ပေးရန် ပြိုင်ဘက်အသင်းက တောင်းဆို

ဗိုလ်လုပွဲ မကစားလိုက်ရပဲ လေယာဉ်ပျက်ကျသွားတဲ့ ရှာပီကွမ်းစ်ကို ချန်ပီယံဆုဖလား ပေးဖို့ ပြိုင်ဘက်က တောင်းဆိုလိုက်တာပါ။

play

 

ဗိုလ်လုပွဲကစားဖို့အတွက် ကိုလံဘီယာကို ခရီးထွက်လာစဉ်မှာ လေယာဉ်ပျက်ကျသွားတဲ့ ရှာပီကွမ်းစ်အသင်းကိုသာ ချန်ပီယံအဖြစ်သတ်မှတ်ပြီး ဖလားပေးအပ်ဖို့ ပြိုင်ဘက် ကိုလံဘီယာဘောလုံးအသင်းက တောင်းဆိုလိုက်ကြောင်းသိရပါတယ်။

play

 

ရှာပီကွမ်းစ်အသင်းဟာ တောင်အမေရိက ကလပ်အသင်းများ ဗိုလ်လုပွဲကစားဖို့ ကိုလံဘီယာကို ခရီးထွက်လာတာဖြစ်ပြီး ကိုလံဘီယာကလပ် အသလက်တီကိုနေစီယိုနယ်အသင်းက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဘောလုံးအသင်း ကစားသမားတွေ၊ နည်းပြတွေနဲ့ အသင်းဒါရိုက်တာတွေ၊ ဝန်ထမ်းတွေအားလုံးနီးပါး သေဆုံးသွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွက် ဘောလုံးလောကတစ်ခုလုံးကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်လျက်ရှိပါတယ်။

play

 

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က အကြောင်းမပြန်သေးပေမဲ့ ဗိုလ်လုပွဲရောက် ကိုလံဘီယာအသင်းကတော့ ဆုဖလားကို ရှာပီကွမ်းစ်ကိုသာ ထိုက်ထိုက်တန်တန်ချီးမြှင့်လိုက်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

 

" တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ အဆုံးအဖြတ်ကို ကျွန်တော်တို့ စောင့်နေတာပါ။ တရားဝင်ကြေညာပေးဖို့ လိုတယ်။ ကျွန်တော်တို့ကတော့ ရှာပီကွမ်းစ်ကိုသာ ချန်ပီယံအအသင်းအဖြစ် ကြေညာစေချင်ပါတယ်" လို့ အသလက်တီကိုနေစီယိုနယ်အသင်း နောက်ခံကစားသမား ဂါစီယာက ပြောပါတယ်။ ကျန်ရစ်သူမိသားစုတွေကိုလည်း အားလုံးက ဝိုင်းပြီးဂရုစိုက်ဖေးမတာမျိုး ဖြစ်စေချင်တယ်လို့ ဂါစီယာက ဆက်ပြောခဲ့ပါတယ်။

ှSource : Mirror

ဗိုလ်လုပွဲ မကစားလိုက်ရသည့် ရှာပီကွမ်းစ်အသင်းကို ချန်ပီယံအဖြစ် သင်သဘောတူပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ