International Sports: ဘာစီလိုနာ တိုက်စစ်မှူး သုံးဦးက ရော်နယ်ဒိုထက် ပိုပြီးခြေစွမ်းကောင်း

, updated

လက်ရှိမှာတော့ စပိန်လာလီဂါမှာ ရီးရဲလ်မက်ဒရစ်က ဦးဆောင်နေတာပါ။

play

 

ဘာစီလိုနာအသင်းရဲ့ MSN တိုက်စစ်အတွဲဟာ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုတို့ တိုက်စစ်အတွဲထက် ပိုကောင်းကြောင်း လီဗာပူးအသင်း ကစားသမား ကော်တင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

လက်ရှိရာသီမှာ အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူပြီး လီဗာပူးကို အမှတ်ပေးချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကူညီပေးထားနိုင်တဲ့ ကော်တင်ဟိုက Four Four Two မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဘယ်ကစားသမားတွေကို အကြိုက်ဆုံးလဲဆိုတဲ့ မေးမြန်းမှုကို ကော်တင်ဟိုက " ကျွန်တော်ကြိုက်တဲ့ ထိပ်သီးကစားသမား သုံးဦးက ဘာစီလိုနာရဲ့ MSN (မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ) တိုက်စစ်အတွဲဖြစ်ပါတယ်။ တစ်ယောက်က အရမ်းမြန်ပြီး နောက်တစ်ယောက်က စွမ်းရည်ပြည့်ဝတယ်။ နောက်တစ်ယောက်ကတော့ ထိပ်သီးဂိုးသွင်းရှင်ပေါ့" လို့ ကော်တင်ဟိုက ဆိုပါတယ်။

 

လီဗာပူးအသင်းအတွက် ရာသီအစမှာ ခြေစွမ်းပြဂိုးတွေသွင်းယူကာ နိုင်ပွဲတောက်လျှောက် ရယူပေးနိုင်ခဲ့ပြီး အခုအချိန်မှာ ဒဏ်ရာရရှိနေသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း ရော်နယ်ဒိုတို့လို အရည်အသွေးပြည့်ဝတဲ့ ကစားသမားမျိုှးရှိပေမဲ့ မက်ဆီ၊ဆွာရက်ဇ်နဲ့ နေမာတို့အတွဲကတော့ သူ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမားတွေဖြစ်တယ်လို့ ကော်တင်ဟိုက ပြောပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ