International Sports: ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြအဖြစ် လေးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခန့်အပ်

ဆောက်ဂိတ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်း စာချုပ်သက်တမ်းမှာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ဥရောပဖလား ပြိုင်ပွဲများအထိလည်း ဖြစ်ပါတယ်။

play


ဂါရတ်ဆောက်ဂိတ်ကို အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းနည်းပြအဖြစ် လေးနှစ်သက်တမ်းစာချုပ်ချုပ်ဆို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ယာယီနည်းပြအဖြစ် ပွဲစဉ်လေးပွဲ ကိုင်တွယ်ခဲ့ပြီးနောက် ဆောက်ဂိတ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြအဖြစ် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။

play


အသက် ၄၆ နှစ်အရွယ် ဆောက်ဂိတ်က ဆမ်အလာဒိုက်စ်ရဲ့ နေရာကိုဆက်ခံခဲ့တာပါ။ အလာဒိုက်စ်ဟာ ဘောလုံးသမား အပြောင်းအရွှေ့ကိစ္စတွေမှာ ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ဖို့အတွက် အခကြေးငွေရယူပြီး အကြံပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြအဖြစ် ၆၇ ရက်သာ တာဝန်ယူခဲ့ကာ နုတ်ထွက်သွားခဲ့ပါတယ်။

play


အင်္ဂလန်လက်ရွေးစင်အသင်းကို ဆောက်ဂိတ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်လေးပွဲအနက် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ စပိန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ သရေရလဒ် ရရှိခဲ့ပါတယ်။

ဆောက်ဂိတ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်း စာချုပ်သက်တမ်းမှာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ဥရောပဖလား ပြိုင်ပွဲများအထိလည်း ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ယခင်က အသက် ၂၁ နှစ်အောက် အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ