International Sports: စပိန်တွင် အခြေအနေရှုပ်ထွေးနေသည့် နေမာကို မန်ယူ စောင့်ကြည့်နေ

, updated

နေမာကြောင့် ဘာစီလိုနာအသင်းလည်း အစိုးရနဲ့ အခွန်ကိစ္စ အရှုပ်တော်ပုံတွေ မပြီးပြတ်နိုင် ဖြစ်နေပါတယ်။

play

 

စပိန်လာလီဂါမှာ ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေတဲ့ ဘာစီလိုနာကစားသမား နေမာကို မန်ယူအသင်းက ခေါ်ယူဖို့ စောင့်ကြည့်ကြောင်း ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ၂၀၂၁ အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ နေမာရဲ့ အပြောင်းအရွှေ့ကိစ္စဟာ ဘာစီလိုနာအပေါ် အတော်လေး ရိုက်ခတ်လျက်ရှိတယ်လို့ ဆိုပါတယ်။ နေမာခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအရှုပ်တော်ပုံကြောင့် ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဆန်ဒရိုရော့ဆဲလ်လည်း ရာထူးက နှုတ်ထွက်ခဲ့ရပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ နေမာကို ခေါ်ယူခဲ့စဉ်က ဆန်းတို့စ်အသင်းကို ပေးရတဲ့ ပြောင်းရွှေ့ကြေးအပြင် နေမာရဲ့ မိသားစုကိုပါ ယူရို သန်း ၄၀ ပေးခဲ့ရကြောင်း အချက်အလက်တွေထွက်လာတာကြောင့် စပိန်အစိုးရရဲ့ စစ်ဆေးခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ရွန်နေးကို သိပ်မကြာခင် အသင်းအဓိက ကစားသမားစာရင်းက ထုတ်ပယ်တော့မှာ ဖြစ်တဲ့ မန်ယူအသင်းက နောက်ထပ် ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦးကို ရှာဖွေနေတဲ့အချိန် နေမာရဲ့ အခြေအနေကို စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

play

 

တောင်အမေရိက ကစားသမားတွေရဲ့ ထုံးစံအရ နေမာကို ဘာစီလိုနာအသင်းအပြင် ဘရာဇီးက တတိယကြားခံအဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှု(third party ownership)နဲ့ပါ ပူးတွဲစာချုပ်ချုပ်ဆိုထားရတာကြောင့် အခြေအနေဟာ ရှုပ်ထွေးလျက်ရှိပါတယ်။

ဇလေတန်အီဗရာဟီမိုဗစ်ခ်ျနဲ့ ရွန်နေးမရှိရင် နေမာကို ခေါ်ယူဖို့ မန်ယူအသင်းဘက်က စောင့်ကြည့်နေတာပါ။

Source : Mirror

နေမာ မန်ယူရောက်လာမည်ဟု ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ