International Sports: ရှာပီကွမ်းစ်အသင်း လေယာဉ်ပျက်မကျခင် လက်ထောက်လေယာဉ်မှူး ပြောခဲ့သည့် နောက်ဆုံးစကား

သူမအတွက် လေယာဉ်မှူးဘဝ ပထမဆုံး ခရီးစဉ်မှာ ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့တာပါ။

co-pilot killed in Colombia plane
play

 

ဘရာဇီးကလပ် ရှာပီကွမ်းစ်ဘောလုံးအသင်းရဲ့ လေယာဉ်ကို လိုက်ပါမောင်းနှင်ပေးခဲ့သူ လက်ထောက်လေယာဉ်မှူးမလေး လေယာဉ်ပေါ်မှာ နောက်ဆုံးပြောသွားတဲ့ စကားသံဗီဒီယိုဖိုင် ထွက်ရှိလာခဲ့ကြောင်း သိရပါတယ်။

play

 

လေယာဉ်ပျက်မကျခင် နှစ်နာရီအလိုမှာ ဒီအင်တာဗျူးကို လေယာဉ်ပေါ်မှာတင် ဖြေကြားခဲ့တာ ဖြစ်ပြီး သေဆုံးသွားသူတွေထဲ အဆိုပါ လက်ထောက်လေယာဉ်မှူးလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဆစ်ဆီအေရီရက်စ်လို့ အမည်ရတဲ့ သူမအတွက်တော့ လေယာဉ်မှူးဘဝ ပထမဆုံး ခရီးစဉ်မှာတင် အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလို့ သိရပါတယ်။ သူမဟာ လေယာဉ်မှူး ဖြစ်မလာခင်က ကိုလံဘီယာမှာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

" အားလုံးထဲက အရေးကြီးတဲ့ တစ်ချက်ကို ပြောချင်ပါတယ်။ ရှာပီကွမ်းစ်အသင်းဟာ ဘရာဇီးဘောလုံးအသင်းဖြစ်ပေမဲ့ မီဒယ်လင်းကို သွားဖို့ ဘိုလီဗီးယားလေကြောင်းလိုင်းကို အသုံးပြုခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ဒီဘောလုံးအသင်းကို အကောင်းဆုံး ဝန်ဆောင်မှု ပေးဖို့ အသင့်ပါပဲ" လို့ အေရီရက်စ်က အင်တာဗျူးမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

သူမရဲ့ အဖြစ်ဆိုးကို ကြားသိခဲ့ရပြီးနောက် ကျန်ရစ်ခဲ့တဲ့ အစ်ကိုဖြစ်သူကလည်း " ညီမလေးရေ ငါနင့်ကို တစ်သက်လုံး လွမ်းနေမှာပါ။ ဒီဖြစ်ရပ်အတွက် ဘယ်လောက်နာကျင်ရသလဲဆိုတာကို ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး" လို့ ပြောကြားခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

play

 

အဆိုပါ လေယာဉ်ပျက်မကျခင် နှစ်နာရီအလို လေယာဉ်ပေါ်မှာ ရှာပီကွမ်းစ်အသင်းသားတွေအားလုံး ပျော်ရွှင်နေခဲ့ကြပြီး လိုက်ပါလာတဲ့ ဂျာနယ်လစ်အချို့ကလည်း အင်တာဗျူး ပြုလုပ်လျက်ရှိတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ