International Sports: ဘာစီလိုနာ - ရီရဲလ်မက်ဒရစ်ပွဲစဉ်ကို အဆုံးအဖြတ်ပေးမယ့် ဒီ (၄) ချက်

ဘာစီလိုနာ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်က သွားကစားရမှာ ဖြစ်ပါတယ်။

EL Clasico

လာလီဂါရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး၊ အစဉ်အလာ အကြီးမားဆုံး ပြိုင်ဘက်နှစ်သင်းရဲ့ ပွဲစဉ်ကို ဒီကနေ့ ပရိသတ်တွေ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်ဖြတ်ပြီး ဦးဆောင်နေတာကြောင့် ဒီနေ့ ကစားမယ့် အယ်လ်ကလက်စီကို ပွဲစဉ်ဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတယ်။

ဒီနေ့ အယ်လ်ကလက်စီကိုပွဲစဉ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်တွေရှိပါတယ်။

မက်ဆီ Vs ရော်နယ်ဒို (လာလီဂါ)

ဒီကစားသမားနှစ်ဦးရဲ့ လာလီဂါပြိုင်ပွဲတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု စံချိန်ကိုသာ ကြည့်မယ်ဆိုရင် မက်ဆီကပဲ အသာစီးရထားပါတယ်။ မက်ဆီက ရီးရဲလ်မက်ဒရစ်အသင်းဘက်ကို ဂိုး ၁၄ သွင်းထားပြီး ရော်နယ်ဒိုဘက်က ၈ ဂိုးသာသွင်းထားနိုင်ပါတယ်။ ဒါ့အပြင် မက်ဆီက ဂိုးဖန်တီးပေးမှု ၈ ကြိမ်ပြုလုပ်ပြီး ရော်နယ်ဒိုက တစ်ကြိမ်သာ ပြုလုပ်ထားနိုင်တာပါ။ မက်ဆီက ၁၁ ကြိမ်နိုင်ခဲ့ပြီး  ရော်နယ်ဒိုက လေးကြိမ် နိုင်ခဲ့ပါတယ်။

မက်ဆီ Vs ရော်နယ်ဒို (ပြိုင်ပွဲစုံ)

ပြိုင်ပွဲစုံမှာ မက်ဆီက ရော်နယ်ဒိုရဲ့ အသင်းဘက်ကို  ၂၁ ဂိုးသွင်းထားနိုင်သူဖြစ်ပြီး ရော်နယ်ဒိုက ၁၆ ဂိုးသွင်းထားနိုင်ပါတယ်။ ဒါပေမယ့် သွင်းတဲ့ ဂိုးအရေအတွက်နဲ့ ကစားတဲ့မိနစ်ကို အချိုးချလိုက်ရင်တော့ သိပ်ပြီး မကွာလှပါဘူး။ မက်ဆီက ၁၃၅ မိနစ်ကို တစ်ဂိုးနှုန်းသွင်းနိုင်ပြီး ရော်နယ်ဒိုက ၁၃၇ မိနစ်ကို တစ်ဂိုးနှုန်း သွင်းထားနိုင်သူပါ။

မက်ဆီ Vs မာဆယ်လို

ဒီရာသီမှာ ဘာစီလိုနာအတွက် မက်ဆီရဲ့ စုစုပေါင်းသွင်းဂိုးက ၁၈ ဂိုးအထိ ရှိလာပြီဖြစ်ပါတယ်။ အဲဒါကြောင့် မက်ဆီဟာ ဒီပွဲမှာလည်း တိုက်စစ်ရှေ့ဆုံးက ပွဲထွက်လာမှာပါ။  မက်ဆီကို မာဆယ်လို ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတာက ဒီပွဲဘယ်လိုအဖြေထွက်မလဲ ဆိုတာနဲ့ သက်ဆိုင်နေပါတယ်။

ရော်နယ်ဒို Vs ဆာဂျီရော်ဘတ်တို

ဂါရက်ဘေးလ်မပါနိုင်တဲ့အတွက် ရော်နယ်ဒိုဟာ တောင်ပံကို ထွက်ကစားရမယ်ဆိုတာ သေချာပါတယ်။ ဒီတော့ ဘာစီလိုနာ ဘယ်နောက်ခံ ကစားသမား ရော်ဘက်တိုနဲ့ ရင်ဆိုင်ရမှာပါ။ ဘာစီလိုနာမှာ အဲဗက်စ်မရှိတော့တဲ့ နောက်ပိုင်း ရော်နယ်ဒိုရဲ့ ပြိုင်ဘက် အသစ်လည်း ဖြစ်ပါတယ်။

Source : Sky Sports

El Clasico မှာ ဘယ်လိုရလဒ် ထွက်မယ်ထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ