International Sports: ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် မက်ဆီနှင့် ရော်နယ်ဒိုကို ဂရိဇ်မန်း ယှဉ်ပြိုင်ရမည်

နောက်ဆုံး ဆန်ခါတင် ကစားသမားသုံးဦးစာရင်း ထွက်လာပါပြီ။

play

 

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား သုံးဦးဆန်ခါတင်စာရင်းကို ဖီဖာက ကြေငြာလိုက်ပြီးနောက် မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ ပြိုင်ပွဲထဲကို နောက်ထပ်ကစားသမားတစ်ဦး ပါဝင်လာခဲ့ပါတယ်။

play

 

နှစ်စဉ်ရော်နယ်ဒိုရဲ့ မက်ဆီတို့နှစ်ဦး အဓိက ယှဉ်ပြိုင်ရလေ့ရှိတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု စာရင်းထဲကို အသလက်တီကို ကစားသမား ဂရိဇ်မန်းပါ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဂရိဇ်မန်းဟာ အသလက်တီကိုအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီအတွင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြင်သစ်အသင်းနဲ့အတူလည်း ယူရိုချန်ပီယံရှစ်ဗိုလ်လုပွဲ တက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဂရိဇ်မန်းဟာ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲမှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့်  ဗိုလ်လုပွဲမှာတော့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကို ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

 

ဆန်ခါတင် ကစားသမား ၂၃ ဦးစာရင်းကို နိုင်ငံအသင်း လက်ရွေးစင် ခေါင်းဆောင်တွေနဲ့ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေရဲ့ မဲပေးမှုကတဆင့် နောက်ဆုံး ကစားသမားသုံးဦး ထွက်လာတာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားအကောင်းဆုံး ဘောလုံးသမားဆုကို လာမယ့် ဇန်နဝါရီ ၉ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Source : Fifa

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘယ်သူ ရမယ်ထင်ပါသလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ