International Sports: ရီးရဲလ်မက်ဒရစ်အသင်း အောင်ပွဲခံ ဓာတ်ပုံကပေးတဲ့ စဉ်းစားစရာ (၇) ချက်

တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ အယ်လ်ကစီကို ပွဲအပြီးမှာ ရီရဲလ်မက်ဒရစ်က ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

FC Barcelona vs Real Madrid
play

 

ယမန်နေ့ညက နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးကို ထုံးစံအတိုင်း ရာမို့စ်က ပွဲပြီးခါနီးမှ ချေပလိုက်တာဖြစ်ပါတယ်။ အရေးကြီး ပွဲစဉ်တွေမှာ ရာမို့စ်ဟာ ပွဲပြီးခါနီးရင် ဒီလိုအရေးကြီးဂိုးတွေ သွင်းပေးလေ့ရှိပါတယ်။

ဒီပွဲအပြီး ရီးရဲလ်မက်ဒရစ်က အသင်းအဝတ်လဲခန်းအတွင်းမှာ အောင်ပွဲခံဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဒီဓာတ်ပုံကြည့်ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို ထုတ်စရာ မေးခွန်း (၅) ခုရှိပါတယ်။

၁။ ရော်နယ်ဒိုရဲ့ မျက်နှာ

play

 

အသင်းအောင်ပွဲခံ ဓာတ်ပုံရိုက်တဲ့အချိန်မှာရော်နယ်ဒိုရဲ့ မျက်နှာပုံစံက ထူးခြားနေတာ သတိပြုနိုင်ပါတယ်။ ဘာကြောင့် ဒီမျက်နှာပေးကို ရော်နယ်ဒို လုပ်လိုက်မှန်း မသိရပေမဲ့ အခြားကစားသမားတွေနဲ့ လုံးဝမတူတာတော့ သေချာနေပါတယ်။

၂။ ဘောင်းဘီမပါဘူးလား?

play

 

ဓာတ်ပုံကို အနီးကပ်ဆွဲကြည့်လိုက်ရင် ရော်နယ်ဒို ဘောင်းဘီမှ ဝတ်ထားရဲ့လားလို့ သံသယဖြစ်စရာပါ။ ပေပေနဲ့ ကွယ်နေတဲ့အတွက် ဘောင်းဘီဝတ်ထားလား မဝတ်ထားဘူးလားဆိုတာကိုတော့ တပ်အပ်မပြောနိုင်ဖြစ်နေပါတယ်။

၃။ ရာမို့စ်ရဲ့ခြေထောက်

play

 

အသင်းအတွက် အရေးပါတဲ့ ချေပဂိုးသွင်းပေးခဲ့တဲ့ နောက်ခံလူ ရာမို့စ်ရဲ့ခြေထောက်ကလည်း ထူးခြားနေပါတယ်။ ဓာတ်ပုံထဲမှာ ရာမို့စ်ရဲ့ခြေထောက်က ဘောလုံးသမားတစ်ဦး ခြေထောက်နဲ့မတူဘဲ အတော်လေး သေးနေပါတယ်။

၎။ ရိုဒရီဂွက်ဇ်

play

 

ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရပြီး သတင်းအမျိုးမျိုးထွက်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဒီဓာတ်ပုံထဲမှာ တွေ့ရပါသေးတယ်။ ဓာတ်ပုံထဲက ပုံအရ ရိုဒရီဂွက်ဇ်ဟာ သိပ်ပျော်နေပုံမရပါဘူး။ အသင်းနဲ့အဆင်မပြေဘူးဆိုတဲ့ သတင်းတွေမှာ မှန်ကန်နိုင်တယ်လို့ ယူဆချင် ယူဆလို့ရပါတယ်။

၅။ ကတုံး မဟုတ်တော့တဲ့ ပေပေ

play

 

ရီးရဲလ်မက်ဒရစ်အသင်းမှာ နောက်ခံလူ ပေပေဆိုရင် အမြဲတမ်း ဆံပင်ကတုံးနဲ့သာ မြင်ခဲ့ရတာပါ။ အခုတော့ ပေပေက ဒဏ်ရာကြောင့် အနားယူနေရပါသေးတယ်။ အောင်ပွဲခံ ဓာတ်ပုံထဲမှာ ပေပေက ဆံပင်တွေရှည်နေတာ မြင်ခဲ့ရပါတယ်။ ပေပေ ကွင်းထဲ ပြန်ရောက်လာတဲ့ အခါ ဆံပင်တွေကို ဒီအတိုင်း ခပ်ရှည်ရှည် မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Source : Mirror

ရီးရဲလ်မက်ဒရစ်အသင်း ယခုနှစ် စပိန်လာလီဂါ ဖလားကို ရမည်ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ