International Sports: မိုးထဲရေထဲ ပရိသတ်သောင်းနှင့်ချီ ကြိုဆိုခဲ့သည့် ရှာပီကွမ်းစ်အသင်း၏ ဈာပနအခမ်းအနား

အသင်းသားတွေကို နောက်ဆုံးနှုတ်ဆက်တဲ့အခမ်းအနားကို အသင်းပိုင်ကွင်းမှာပဲ ကျင်းပခဲ့ပါတယ်။

play

 

လေယာဉ်ပျက်ကျပြီး အသက်သေဆုံးခဲ့ရတဲ့ ဘောလုံးအသင်းသားတွေရဲ့ ရုပ်အလောင်းကို  လေယာဉ်နဲ့တစ်ဆင့် ဘရာဇီးနိုင်ငံအတွင်း  ပြန်လည်သယ်ဆောင်လာပြီး အသင်းအိမ်ကွင်းမှာ ဈာပနအခမ်းအနား ကျင်းပခဲ့ကြောင်းသိရပါတယ်။

play

 

အသင်းသားတွေရဲ့ ဈာပနအခမ်းအနားနေ့မှာ မိုးတွေသည်းထန်စွာ ရွာသွန်းခဲ့ပေမဲ့ ပရိသတ်အများအပြား တက်ရောက်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအင်ဖန်တီနိုလည်း တက်ရောက်လာခဲ့တာတွေ့ရပါတယ်။ အလောင်းတွေကို ဘောလုံးကွင်း သယ်ဆောင်လာရာ လမ်းတစ်လျှောက်မှာလည်း အသင်းရဲ့အမှတ်တံဆိပ်အရောင်ဖြစ်တဲ့ အစိမ်းရောင်တွေ နေရာတိုင်းလိုလို တွေ့ခဲ့ရပါတယ်။

play

 

ကိုလံဘီယာကို ဗိုလ်လုပွဲ သွားရောက်ကစားမယ့် ဘရာဇီး ဘောလုံးအသင်း ရှာပီကွမ်းစ်ရဲ့ လေယာဉ်ဟာ ကိုလံဘီယာ တောင်ကြားမှာ ဆီကုန်ပြီး ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ကနဦးသတင်းတွေက ဆိုထားပါတယ်။  သေဆုံးသူ အသင်းသားတွေရဲ့ ခေါင်းတလားတွေကို မိုးထဲရေထဲမှာ တပ်မတော်သားတွေက သယ်ဆောင်လာတဲ့အချိန်မှာ စိတ်ခံစားမှုကြောင့် ပရိသတ်အများအပြား ငိုကြွေးခဲ့ကြရပါတယ်။

play
play

 

" ဒီအချိန်ဟာ ကျွန်တော်တို့ စကားတွေအများကြီး ပြောရမယ့် အချိန်မဟုတ်ပါဘူး။ နာကျင်မှုကို ခံစားနေရတဲ့အချိန်ပါ။ ဘယ်လိုစကားလုံးတွေကမှ နာကျင်မှုကို ပြေလျော့စေမှာ မဟုတ်ပါဘူး" လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ဆိုပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ