International Sports: အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မှာ မက်ဆီကို လိုက်လံနောက်ပြောင်ခဲ့တဲ့ ရော်နယ်ဒို

အမြဲတမ်း ပြိုင်ဘက်တွေဖြစ်နေခဲ့တဲ့ ကစားသမားနှစ်ဦးရဲ့အဖြစ်ဟာ ထူးဆန်းနေပါတယ်။

play

 

ရော်နယ်ဒိုနဲ့ မက်ဆီဟာ ဒီဘက်ခေတ် ဘောလုံးသမားမျိုးဆက်မှာ အကောင်းဆုံး ကစားသမားနှစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပုဂ္ဂိုလ်ရေးအရလည်း ပြိုင်ဆိုင်ခဲ့ကြသလို သူတို့ရဲ့ကိုယ်စားပြု အသင်းတွေကလည်း စပိန်မှာ အဓိက ပြိုင်ဘက်တွေဖြစ်နေခဲ့တာပါ။

play

 

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာတော့ ရော်နယ်ဒိုဟာ ပွဲကစားနေစဉ်အတွင်း မက်ဆီကိုနောက်ပြောင်မှု တစ်ခုပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ကွင်းထဲမှာ ပွဲကစားနေကြတဲ့အချိန် မက်ဆီအနားကို ရောက်လာတဲ့ ရော်နယ်ဒိုက နောက်ပြောင်မှု ပြုလုပ်လိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ပြိုင်ဘက်တွေဖြစ်ကြပြီး သူတို့နှစ်ဦးဟာ မဖြစ်မနေ နှုတ်ဆက်ရတဲ့ ပွဲတွေမှာ နှုတ်ဆက်ကြတာကလွဲလို့ ဒီလိုတရင်းတနှီး နေကြတာမျိုးကို အရင်က မတွေ့ခဲ့ရပါဘူး။

 

အခု မက်ဆီရဲ့ဘေးကို ရောက်လာတဲ့ ရော်နယ်ဒိုက မက်ဆီ့လည်ပင်းပေါ် လက်တင်ပြီး နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကလည်း စိတ်ဆိုးပုံ မရဘဲ မျက်နှာက စက္ကန့်ပိုင်းလောက် ပြုံးသွားတာကိုတွေ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ရှစ်ကြိမ် ရရှိထားတဲ့ သူတို့နှစ်ဦးရဲ့ အဖြစ်ဟာ မီဒီယာတွေကြားမှာ ထူးဆန်းနေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေ့က ပွဲမကစားခင်မှာလည်း ရော်နယ်ဒိုနဲ့ မက်ဆီဟာ နှုတ်ဆက်နေခဲ့တာတွေ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ