International Sports: ဘာစီလိုနာ ပရိသတ်ကို လက်ခလယ် ထောင်ပြသည့် ရီးရဲလ်မက်ဒရစ် ကစားသမား ပြန်တောင်းပန်ရ

အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

အယ်လ်ကလက်စီကို ပွဲစဉ်မှာ ပရိသတ်ကို လက်ခလယ်ထောင်ပြခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟာ လူသိရှင်ကြား ပြန်လည်တောင်းပန်လိုက်ရကြောင်း သိရပါတယ်။

ဆွာရက်ဇ်နဲ့ ရာမို့စ်တို့ ဂိုးသွင်းခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် ညာနောက်ခံ ကစားသမား ကာဗာရယ်က ပရိသတ်ဘက်ကို လက်ခလယ် ထောင်ပြမိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကပါ အရေးယူဖို့ ဖြစ်လာခဲ့တာကြောင့် ကစားသမားကိုယ်တိုင် ပြန်တောင်းပန်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းက ဆွာရက်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီးနောက် ပွဲပြီးခါနီးမှာ ရီးရဲလ်မက်ဒရစ်ဘက်က ရာမို့စ်ရဲ့ချေပဂိုးကြောင့် သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ ရာမို့စ်ဂိုးသွင်းအပြီး အောင်ပွဲခံချိန်မှာ အသင်းကစားသမား ကာဗာရယ်က ဘာစီလိုနာအသင်း ပရိသတ်တွေဘက်ကို လက်ခလယ်ထောင်ပြလိုက်တာဖြစ်ပါတယ်။

play

 

" ကျွန်တော်ပွဲစဉ်အတွင်း ပရိသတ်ဘက်လှည့်ပြီး လုပ်ခဲ့မိလိုက်တဲ့ အမူအရာအတွက် တောင်းပန်ချင်ပါတယ်။ ဒါမျိုးဟာ မဖြစ်ခဲ့သင့်တဲ့ ကိစ္စပါ" လို့ ကာဗာရယ်က သူ့ရဲ့တွစ်တာအကောင့်ကတဆင့် တောင်းပန်ထားတာဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ