International Sports: လေယာဉ်ပျက်ကျပြီးမှ ချန်ပီယံဆုဖလား ရခဲ့သည့် ရှာပီကွမ်းစ် အသင်း

ဗိုလ်လုပွဲကစားဖို့ လာတဲ့လမ်းမှာ လေယာဉ်ပျက်သွားတဲ့ ရှာပီကွမ်းစ်အသင်းကို ချန်ပီယံအဖြစ် တရားဝင်သတ်မှတ်လိုက်ပါပြီ။

play

 

ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့အသွားမှာ လေယာဉ်ပျက်ကျခဲ့တဲ့ ဘရာဇီးကလပ် ရှာပီကွမ်းစ်ဘောလုံးအသင်းကို တောင်အမေရိက ကလပ်အသင်းများ ပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

play

 

ရှာပီကွမ်းစ်အသင်းနဲ့ ဗိုလ်လုပွဲ မကစားလိုက်ရတဲ့ ကိုလံဘီယာဘောလုံးအသင်း အသလက်တီကိုနေစီယိုနယ် အသင်းကိုတော့ အသန့်ရှင်းဆုံးအသင်းဆု ပေးအပ်လိုက်ကြောင်း သိရပါတယ်။ ရှာပီကွမ်းစ်အသင်း စီးနင်လာတဲ့လေယာဉ်ပျက်ကျပြီးနောက် အသင်းသားတွေအပါအဝင် ၇၁ ဦးသေဆုံးခဲ့ရကာ ဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အသလက်တီကိုနေစီယိုနယ် အသင်းက ဗိုလ်လုပွဲမကစားဘဲ ရှာပီကွမ်းစ်အသင်းကိုသာ ချန်ပီယံအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

 

တောင်းဆိုချက်ကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က လက်ခံစဉ်းစားပေးခဲ့ပြီးနောက် သဘောတူလိုက်တာဖြစ်ပါတယ်။ အခုအခါ ရှာပီကွမ်းစ်ဘောလုံးအသင်းကို တောင်အမေရိက ကလပ်အသင်းများဖလားပြိုင်ပွဲ Copa Sudamericana  ရဲ့ ချန်ပီယံ ဆုဖလားကို ပေးအပ်လိုက်ပြီဖြစ်ပါတယ်။

Source : Goal

ရှာပီကွမ်းစ်အသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ခြင်းကိုသဘောတူပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ