International Sports: ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ဖို့ရှိတဲ့ မက်ဆီ

ရော်နယ်ဒိုရဲ့ဂိုးသွင်းစံချိန်ကို မက်ဆီ ဒီတစ်ပတ်မှာ ကျော်ဖြတ်ဖွယ် ရှိပါတယ်။

play

 

ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒို တင်ထားတဲ့ ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို မက်ဆီလိုက်မီနိုင်ဖို့ အခွင့်အရေး ရှိနေကြောင်း သိရပါတယ်။

 

ယခုတစ်ပတ် ကြားရက်အတွင်း ကစားမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ မက်ဆီရဲ့ ဘာစီလိုနာအသင်းက ဂျာမန်ကလပ် မိုချမ်ဂလာဘတ် အသင်းနဲ့တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုက ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲအတွင်းမှာ ၁၁ ဂိုးအထိ စံချိန်တင်သွင်းယူထားတဲ့ အားကစားသမားဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု ပြိုင်ပွဲအတွင်းမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားကလည်း ရော်နယ်ဒိုဖြစ်ပါတယ်။

play

 

အခု  မက်ဆီအုပ်စုပွဲစဉ် လေးပွဲကစားအပြီးမှာ ကိုးဂိုးအထိ သွင်းယူနိုင်သူ ဖြစ်နေပါတယ်။ ကျန်တစ်ပွဲကိုတော့ ဒဏ်ရာကြောင့် မက်ဆီမပါဝင်နိုင်ခဲ့တာပါ။ အခု လက်ကျန်နောက်ဆုံးတစ်ပွဲမှာ မက်ဆီက ဟက်ထရစ်သွင်းယူနိုင်မယ်ဆိုရင် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီ ချန်ပီယံလိဂ် မှာ  အသင်းအတွက် ဟက်ထရစ် နှစ်ကြိမ် သွင်းယူထားပြီးသား ကစားသမားလည်း ဖြစ်ပါတယ်။

Source : Goal

ရော်နယ်ဒိုစံချိန်ကို မက်ဆီကျော်ဖြတ်နိုင်မည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ