play

 

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုကိုသာ ပေးအပ်ဖို့ ဖီဖာက ရွေးချယ်ထားပြီးပြီဖြစ်ကြောင်း စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။

စပိန်အခြေစိုက် အားကစားသတင်းထောက်ရဲ့အဆိုအရ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဇန်နဝါရီလမှသာ ပေးအပ်သွားဖို့ စီစဉ်ထားပေမဲ့ အဲဒီဆုကို ရော်နယ်ဒိုကိုသာ ပေးအပ်ဖို့ သေချာနေပြီဖြစ်ကြောင်း သိရပါတယ်။ ထူးထူးခြားခြား အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လာမယ်တနင်္လာနေ့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကြေညာသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

ပြင်သစ်မဂ္ဂဇင်းနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူးပြီး ကမ္ဘာတစ်လွှားက မဲပေးရွေးချယ်မှုနဲ့ ပေးအပ်တဲ့ အဆိုပါ ဆုကို ရော်နယ်ဒိုရရှိမှာဖြစ်ပြီးလာမယ့် ကြာသပတေးနေ့မှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်း ဝန်ထမ်းတွေက ရော်နယ်ဒိုထံ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆုရရှိမယ့် ရော်နယ်ဒိုကို အကြိုအင်တာဗျူးလုပ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးမှာဖြစ်တယ်လို့ စပိန်အားကစား ဂျာနယ်လစ် အဂွီလာက ဆိုပါတယ်။

 

ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်နဲ့ ယူရိုချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့ပြီး ဂိုးသွင်းစံချိန်တွေကိုလည်း ချိုးဖျက်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ဖီဖာဘလွန်းဒီအော်ဆုကိုသာ ရရှိခဲ့မယ်ဆိုရင် မက်ဆီရဲ့ စံချိန်ကိုလိုက်မီဖို့ တစ်ကြိမ်သာလိုတော့မှာ ဖြစ်ပါတယ်။ 

Source : Marca English

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video