International Sports: အုပ်စုပထမရသော်လည်း ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့နှင့် တွေ့ရဖွယ်ရှိနေသည့် အာဆင်နယ်

အုပ်စုပထမရခဲ့ပေမဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ အာဆင်နယ်က အသင်းကြီးတွေနဲ့ တွေ့ရဖို့ ရှိနေပါတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်အသင်းက ဘေဆယ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် အုပ်စုပထမ ရရှိကာ ၁၆ သင်းအဆင့်ကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

အုပ်စုပထမ ရခဲ့ပေမဲ့ အာဆင်နယ်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဥရောပအသင်းကြီးအချို့နဲ့ ပြန်လည်တွေ့ဆုံနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ဘေဆယ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားသမားက အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ထပ်တစ်ဂိုးကို လူငယ်ကစားသမား အီဝိုဘီက သွင်းယူပေးလိုက်တာဖြစ်ပါတယ်။ တစ်ဖက်မှာ ပီအက်စ်ဂျီအသင်းက လူဒိုဂိုရက်စ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ အုပ်စုထိပ်ဆုံးကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့တာပါ။

play

 

၁၆ အသင်းရှုံးထွက်အဆင့်ကို အာဆင်နယ်အသင်း ရောက်သွားပြီဆိုပေမဲ့ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အပါအဝင်၊ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်တို့နဲ့ တွေ့နိုင်တဲ့အခြေအနေကိုပါ အာဆင်နယ်ရင်ဆိုင်နေရတာပါ။ ပုံမှန်ဆိုရင် ဥရောပ အသင်းကြီးတွေက အုပ်စုပထမရလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ဘိုင်ယန်မြူးနစ်က အုပ်စုပွဲစဉ်အားလုံး ကစားပြီးတဲ့အချိန်မှာ  အုပ်စု ဒုတိယသာ ရခဲ့ပါတယ်။

play
အုပ်စုဒုတိယဖြင့် တက်လာခဲ့သည့် ဘိုင်ယန်မြူးနစ်

 

ဒါ့အပြင် ဒီနေ့ည ကစားမယ့်နောက်ဆုံးပွဲမှာ ရီးရဲလ်မက်ဒရစ်လည်း အနိုင်မရခဲ့ဘူးဆိုရင် အုပ်စု ဒုတိယသာ ရရှိမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ဂျူဗင်တပ် စတဲ့အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ရဖွယ်ရှိပါတယ်။

Source : Mirror

ချန်ပီယံလိဂ်တွင် အာဆင်နယ်အသင်း မည်သည့်အဆင့်အထိ ရောက်မည် ထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ