International Sports: လေယာဉ်ပျက်ကျမည့် အသက်ဘေးမှ ၁၈ မိနစ်စောပြီး လွတ်မြောက်ခဲ့သည့် မက်ဆီ

ဘရာဇီးအသင်း ရှာပီကွမ်းစ်စီးနင်းလာတဲ့လေယာဉ်ကိုပဲ အဲဒီရက်မတိုင်ခင်မှာ အာဂျင်တီးနားအသင်းက စီးနင်းခဲ့တာ ဖြစ်ပါတယ်။

play

 

ဘရာဇီးဘောလုံးအသင်း လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တဲ့ရက်မတိုင်ခင် နှစ်အပတ်လိုမှာ ဘာစီလိုနာအသင်း ကစားသမား မက်ဆီလည်း အလားတူဖြစ်ရပ်မျိုး ကြုံခဲ့ရကြောင်း သိရပါတယ်။

ဘရာဇီးသတင်းတစ်ရပ်ရဲ့ ဖော်ပြချက် ဘရာဇီးအသင်းရှာပီကွင်းစ် စီးနင်းခဲ့တဲ့လေကြောင်းလိုင်းက လေယာဉ်ကို အာဂျင်တီးနား အသင်းလည်း စီးနင်းခဲ့သေးကြောင်း သိရပါတယ်။ အာဂျင်တီးနားအသင်းဟာ ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားခဲ့ပြီးနောက် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့ကို ပြန်လာတဲ့အချိန်မှာ အဆိုပါလေယာဉ်ကို စီးနင်းလာခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီတို့အသင်းသားတွေ စီးနင်းလာတဲ့အချိန်မှာလည်း အဆိုပါလေယာဉ်ဟာ လေယာဉ်ကွင်းကိုမရောက်မီ လေယာဉ်ဆီကုန်တော့မယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။ ဘရာဇီးကလာတဲ့ သတင်းတစ်ရပ်အရ အဆိုပါလေယာဉ်ဟာ ၄ နာရီနဲ့ ၂၂ မိနစ် မောင်းဖို့အတွက်သာ လေယာဉ်ဆီဖြည့်ခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးကနေ ဗျူနိုအေရိစ်မြို့ကို  ၄ နာရီနဲ့ ၄ မိနစ်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့လည်း အာဂျင်တီးနားအသင်းစီးနင်းလာတဲ့လေယာဉ်ဟာ ဆီကုန်ဖို့ ၁၈ မိနစ်အလိုမှာ လေယာဉ်ကွင်းကိုအောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။အာဂျင်တီးနားဘက်က တာဝန်ရှိသူတွေရဲ့အဆိုအရ လေကြာင်းခရီးစဉ်ကြာချိန်ကို ၄၅ မိနစ်မှားယွင်းတွက်ချက်မိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

play
ယင်းလေယာဉ်ကို မက်ဆီစီးနင်းခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ပျက်ကျခဲ့သည်

 

ဘရာဇီးအသင်းရှာပီကွမ်းစ်စီးနင်းလာတဲ့ လေယာဉ်ပျက်ခဲ့ပြီးနောက် ထွက်လာတဲ့ သတင်းတစ်ရပ်အရ လေယာဉ်ဟာ အများဆုံးပျံသန်းနိုင်တဲ့ ဆီပမာဏထက် မိနစ် ၂၀ အချိန်ဆွဲပြီးထပ်မံ မောင်းနှင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : Daily Mail

Argentina vs Brazil 1-1
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ