International Sports: အလုပ်ပြုတ်သွားတဲ့ ချစ်သူကို အလုပ်သစ်ရှာပေးခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုနဲ့ ချစ်ကြိုးသွယ်နေတယ်လို့ သတင်းထွက်ပြီးနောက်မှာ အလုပ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုရဲ့ ချစ်သူဟာ သတင်းသမားတွေကြောင့် နာမည်ပိုပြီးကြီးလာပြီးနောက် သူမရဲ့ အလုပ်ကို ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။

စပိန်မှာရှိတဲ့ Gucci စတိုးဆိုင်က ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျော်ဂျီယာဟာ ရော်နယ်ဒိုနဲ့ ချိန်းတွေ့နေကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် သူမအလုပ်လုပ်တဲ့ အနီးတစ်ဝိုက်မှာ သတင်းသမားတွေ အမြဲခြေချင်းလိမ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူမဟာ စတိုးဆိုင်မှာ အလုပ်ဆင်းတာ မတွေ့ရတော့ပဲ အလုပ်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

play

 

ဒါပေမယ့် ဂျောဂျီယာဟာ ချစ်သူရော်နယ်ဒိုရဲ့ အကူအညီနဲ့ Prada ကုမ္ပဏီမှာ အလုပ်ပြန်ရခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ  Prada ကုမ္ပဏီရဲ့ ကဖောက်သည်တစ်ဦးဖြစ်တာကြောင့် ချစ်သူကို အဲဒီမှာအလုပ်ရဖို့ ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာဟာ မကြာသေးခင်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရုပ်ဖျက်တွေ့ဆုံခဲ့ကြပေမယ့် ဒီသတင်းဟာ ဓာတ်ပုံတွေနဲ့တကွ သတင်းသမားတွေ ဖော်ပြနိုင်ခဲ့တာကြောင့် နာမည်ကျော်သွားခဲ့တာပါ။

ှSource : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ