International Sports: ရီးရဲလ်မက်ဒရစ်ကို နောက်ကောက်ချနိုင်ခဲ့တဲ့ ဒေါ့မွန် (ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ)

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ရဲ့နောက်ကောက်ချခြင်းကို ခံလိုက်ရပြီး လက်စတာကလည်း မထင်ထားတဲ့ အချိန်မှာ အကြီးအကျယ်ရှုံးပွဲကြုံခဲ့ပါတယ်။

Real Madrid 2-2 Dortmund

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘန်ဇီးမားရဲ့ ဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမဲ့ နိုင်ပွဲကိုတော့ ရအောင် မရှာနိုင်ခဲ့ပါဘူး။

play

 

ဒေါ့မွန်အသင်းကို ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်ပေးလိုက်ရတဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအတွင်း ဒုတိယနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

play


ရီးရဲလ်မက်ဒရစ်ကို သရေကစားနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းကတော့ အုပ်စုပထမအသင်းအနေနဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းလာနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် နှစ်ဂိုးသွင်းခဲ့တဲ့ ဘန်ဇီးမားက အသင်းအတွက် ချန်ပီယံလိဂ် ဂိုး ၅၀ ပြည့်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ ဒေါ့မွန်ဘက်က အော့ဘာမီယန်းက မိနစ် ၆၀ မှာ ချေပဂိုးတစ်ဂိုးအရင်သွင်းပြီး အဲဒီနောက်လူးစားဝင်လာတဲ့ မာကိုရူးစ်က ၈၈ မိနစ်မှာ ထပ်သွင်းယူခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်း သရေသာ ရလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

play

 

တစ်ဖက်မှာ လက်စတာအသင်းကတော့ ဒီနောက်ဆုံးပွဲမှာ ပေါ်တိုအသင်းကိုမထင်မှတ်ဘဲ ငါးဂိုးပြတ်တောင် ရှုံးနိမ့်သွားခဲ့ပါတယ်။ နောက်ဆုံးပွဲ ဘယ်လိုရလဒ်ထွက်ထွက် အုပ်စုတက်နေပြီဖြစ်တဲ့ လက်စတာအသင်းဟာ ဒီပွဲမှာ ပရိသတ်အံ့အားသင့်လောက်အောင် ငါးဂိုးပြတ်ရှုံးသွားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာတင် လေးဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

play

 

၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပထမပိုင်းအတွင်း သုံးဂိုးနဲ့အထက်ပေးရတဲ့ပွဲဟာ လက်စတာအတွက် ဒါဒုတိယအကြိမ်ဖြစ်ပါတယ်။ မနှစ်ကတော့ သူတို့အသင်းဟာ ဒီလိုပွဲမျိုးလုံးဝမကြုံတွေ့ခဲ့ပါဘူး။

Source :Goal / Daily Mail

Porto 5-0 Leicester
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ