International Sports: ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားက မက်ဆီနှင့် ရော်နယ်ဒို မဟုတ်တော့

ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဟာ လက်ရှိမှာ တန်ဖိုးအရှိဆုံး ကစားသမားတွေ မဟုတ်တော့ပါဘူး။

play

 

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားစာရင်းကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်ကြေညာခဲ့ရာမှာ  ရော်နယ်ဒိုနဲ့ မက်ဆီနှစ်ဦးလုံးက ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် ရွေးချယ်မခံခဲ့ရကြောင်း သိရပါတယ်။

play

 

လက်ရှိမျိုးဆက်ဘောလုံးသမားတွေထဲမှာ ရော်နယ်ဒိုနဲ့ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် အကြိမ်ကြိမ်ရွေးချယ် ခံနေရပေမဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စာရင်းမှာတော့ သူတို့ဟာတန်ဖိုးအရှိဆုံး ကစားသမားတွေမဟုတ်တော့ပါဘူး။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့အတူ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပူးတွဲချီးမြှင့်တဲ့ France Football မဂ္ဂဇင်းရဲ့ စာရင်းပြုစုမှုအရ ဘာစီလိုနာအသင်း ကစားသမား နေမာဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားဖြစ်နေပြီး ယူရိုသန်း ၂၅၀ တန်ကြေးရှိတယ်လို့ သတ်မှတ်ထားပါတယ်။

play

 

နေမာပြီးမှသာ မက်ဆီက ဒုတိယတန်ဖိုးအရှိဆုံးကစားသမားဖြစ်ပြီး ယူရိုသန်း ၁၉၀ တန်ကြေးရှိကြောင်း သတ်မှတ်ထားပါတယ်။ အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် စတုတ္တနေရာမှာသာ သတ်မှတ်ခံရပြီး တန်ကြေး ယူရို သန်း ၁၃၀ ရှိတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုထက်ငယ်ရွယ်ပြီး အသလက်တီကိုမက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ ဂရိဇ်မန်းကတော့ တတိယမြောက် တန်ဖိုးအရှိဆုံး ကစားသမား ဖြစ်ပါတယ်။

 

နောက်ထပ် ထူးဆန်းတာက ကစားတန်ဖိုးအရှိဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုကို ထည့်သွင်းမထားခြင်းဖြစ်ပါတယ်။ ကမ္ဘာ့တန်ဖိုးအရှိဆုံး အသင်းရဲ့တိုက်စစ်မှူး သုံးဦးစာရင်းမှာ မက်ဆီ၊ ဂရိဇ်မန်းနဲ့ နေမာကိုသာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မန်ယူက ဒေးဗစ်ဒီဂီယာလည်း ဒီစာရင်းထဲမှာ ပါဝင်ပါတယ်။

Source : 90min

ယခုထုတ်ပြန်သောစာရင်းကို သင်သဘောတူပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ