International Sports: အသင်းအတွက် ဂိုးသွင်းပြီးနောက် ကွင်းအတွင်း လဲကျသေဆုံးသွားသည့် ဘောလုံးသမား

အသင်းဖော်တွေနဲ့အတူ အားရပါးရ အောင်ပွဲခံပြီး မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတာပါ။

play

 

ဘောလုံးပွဲမှာ ပြိုင်ဘက်အသင်းကို ဂိုးသွင်းပြီးနောက် အောင်ပွဲခံပြီး မိနစ်ပိုင်းအကြာမှာပဲ လူငယ်ဘောလုံးသမားတစ်ဦးဟာ ကွင်းအတွင်းမှာ လဲကျသေဆုံးသွားကြောင်း သိရပါတယ်။

တန်ဇနီးယားနိုင်ငံက ဘောလုံးပွဲမှာ အဆိုပါဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့ရတာပါ။ အမ်ဘောင် အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ဘောလုံးသမား ခါဖန်ဟာ ပြိုင်ဘက် မာဒွီအသင်းဘက်ကို ဂိုးသွင်းပြီးနောက် အသင်းဖော်တွေနဲ့အတူ အားရပါးရ အောင်ပွဲခံခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပွဲပြန်စပြီး မိနစ်ပိုင်းအကြာမှာ ပြိုင်ဘက်ရဲ့ ပုံမှန်ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက် ခါလ်ဖန်ဟာ ကွင်းအတွင်း လဲကျသွားရာက ပြန်ထမလာတော့ပါဘူး။

 

ပြစ်ဒဏ်ဘောအတွက် ကွင်းလယ်ဒိုင်က ဝီစီမှုတ်ခဲ့ပေမဲ့ အလွန်နောက်ကျသွားခဲ့ပြီးဖြစ်ပါတယ်။ ပြန်မထနိုင်တော့တဲ့ ခါလ်ဖန်ကို ကွင်းအတွင်းက ထမ်းစင်နဲ့ထုတ်ပြီး အနီးဆုံးဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ အသက်မမီတော့ဘဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ခါလ်ဖန် လဲကျသွားပြီးနောက် အသင်းရဲ့ဆေးအဖွဲ့တွေလာရောက်ပြုစုကုသခဲ့ပေမဲ့ လူနာတင်ယာဉ်ပေါ်မှာ အရေးပေါ်ကုသမယ့် ပစ္စည်းကိရိယာတွေ မပါဝင်ခဲ့ဘူးလို့ ပြည်တွင်းသတင်းတွေက ဆိုပါတယ်။

play

 

၂၀၀၃ ခုနှစ်တုန်းကလည်း ကင်မရွန်းကစားသမား ဗီဗီယန်ဖိုးဟာ ဒါမျိုးအဖြစ်ကြုံတွေ့ပြီး သေဆုံးခဲ့ဖူးပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ