International Sports: အနီကတ် ပြမိသဖြင့် ကွင်းလယ်ဒိုင်ကို ပရိသတ်များ သေလုမြောပါးဖြစ်အောင် ထိုးကြိတ်ခဲ့ကြ

ကွင်းလယ်ဒိုင်ဟာ သူ့ရဲ့အနီကတ်ကြောင့် အသက်အန္တရာယ်နဲ့ ကြုံခဲ့ရပါတယ်။

Football referee left bloodied and bruised after mass beating
play

 

အာဂျင်တီးနားဘောလုံးပြိုင်ပွဲတစ်ခုမှာ ကွင်းလယ်ဒိုင်တစ်ဦးဟာ ကစားသမားအချို့ကို အနီကတ်ပြခဲ့မိတဲ့အတွက် အသင်းပရိသတ်တွေရဲ့ သေလုမြောပါး ဝိုင်းဝန်းထိုးကြိတ်မှုကို ခံလိုက်ရပါတယ်။

အာဂျင်တီးနားနိုင်ငံ စတုတ္တတန်း အမှတ်ပေးဘောလုံးပြိုင်ပွဲက ဆာမီယန်တိုအသင်းနဲ့ ဆန်ဆိုင်နာ အသင်းတို့ရဲ့ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင် ကလောက်ဒီယိုအဲလစ်ရှီရီဟာ အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်များစွာရဲ့ ထိုးကြိတ်မှုကနေ အသက်ရှင်ရက် လွတ်မြောက်လာပေမဲ့ ကွင်းလယ်ဒိုင် ကလောက်ဒီယိုဟာ မျက်နှာတစ်ခုလုံး အညိုအမဲစွဲနေခဲ့ပြီး ပြန်ချုပ်ရမယ့် ဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်။ အဆိုပါကွင်းလယ်ဒိုင်ဟာ လက်ရှိမှာ နှုတ်ခမ်းတွေတောင် မလှုပ်နိုင်အောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

play

 

ကွင်းလယ်ဒိုင်ကို ကွင်းအတွင်းကနေ ဘေးကင်းမှုရှိအောင် လုံခြုံရေးအရာရှိများစွာနဲ့ ပြန်လည်ခေါ်ထုတ်လာခဲ့ရပါတယ်။ အိမ်ရှင်အသင်းဖြစ်ခဲ့တဲ့ ဆာမီယန်တိုအသင်းကစားသမားတွေဟာ သူတို့အသင်းကို ပင်နယ်တီမပေးတဲ့ ကွင်းလယ်ဒိုင်အပေါ် စောဒက ပြင်းပြင်းထန်ထန် တက်ခဲ့ပါတယ်။ အဲဒီနောက် ဧည့်သည်ဆာဆိုင်နာအသင်းက ဂိုးရသွားပြီးနောက်ပိုင်းမှာ ပွဲဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

play

 

စောဒကတက်မှုပိုပြီး ပြင်းထန်လာတဲ့ ကစားသမားအချို့ကို အဆိုပါကွင်းလယ်ဒိုင်က အနီကတ်ပြကာ ထုတ်ပယ်ခဲ့တဲ့အတွက် ပရိသတ်တွေဟာ ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

" ကျွန်တော့်မှာ ကလေးသုံးယောက်ရှိပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဘာမှ ပြန်ပြီးမတတ်နိုင်တဲ့ စွမ်းအားမဲ့လူတစ်ယောက်လို ဖြစ်သွားခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်မိန်းမနဲ့ကျွန်တော်ဖက်ပြီး ငိုခဲ့ရပါတယ်" လို့ ဒဏ်ရာသက်သာလာပြီဖြစ်တဲ့ ကွင်းလယ်ဒိုင်က ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ