International Sports: ဆူဇူကီးပွဲစဉ်အပြီး ဗီယက်နမ်ပရိသတ်တွေက အင်ဒိုအသင်း ဘတ်စ်ကားကို တိုက်ခိုက်ခဲ့

ပရိသတ်တွေရဲ့ တိုက်ခိုက်မှုလုပ်ရပ်အပေါ် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့ပါတယ်။

  play


ဟနွိုင်းမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ရှင်ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ရဲ့ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးမှာ ဗီယက်နမ်ပရိသတ်တွေ အင်ဒိုအသင်း ဘတ်စ်ကားကို ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ သာမန်ပွဲကစားချိန်မှာ ဗီယက်နမ်က ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ရာ ပထမအကျော့မှာ အင်ဒိုကလည်း ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။ အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားရာမှာ ပွဲကစားချိန် ၉၇ မိနစ်မှာ အင်ဒိုက ပင်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် ဂိုးရရှိသွားခဲ့ပါတယ်။

play


အချိန်ပိုပွဲကစားချိန် ပြီးဆုံးတဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ အင်ဒိုအသင်းက နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ထိုပွဲစဉ်အပြီး အင်ဒိုအသင်းရဲ့ဘတ်စ်ကားကို ဗီယက်နမ်ပရိသတ်တွေက ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ရာ အင်ဒိုအသင်း ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

play


ပရိသတ်တွေရဲ့ တိုက်ခိုက်မှုလုပ်ရပ်အပေါ် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုအသင်းဟာ ယနေ့ (ဒီဇင်ဘာ ၈ ရက်) ယှဉ်ပြိုင်ကစားမယ့် မြန်မာနဲ့ထိုင်း ဆီးမီးဖိုင်နယ် ဒုတိယအကျော့မှ အနိုင်ရတဲ့အသင်းနဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ ဗိုလ်လုပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ထိုင်း ပထမအကျော့မှာ ထိုင်းက အဝေးဂိုး ၂ ဂိုးရရှိပြီး ၂-၀ ရလဒ်ဖြင့် အနိုင်ရထားပါတယ်။
Source & Photo: AFF Suzuki Cup

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ