International Sports: ယနေ့ည မန်ယူအသင်း ပွဲစဉ်မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

မန်ယူအသင်းက ဒီနေ့ည ယူကရိန်းမှာ ယူရိုပါလိဂ် အုပ်စုအဆုံးအဖြတ်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

Manchester United 1- 0 Zorya
play

 

ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ မန်ယူအသင်းဟာ ဒီကနေ့ ယူကရိန်းအရှေ့ဘက် ဝေးလံတဲ့နေရာမှာ ယူရိုပါလိဂ်ပွဲစဉ်သွားကစားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယူရိုပါလိဂ် နောက်တစ်ဆင့်ကို တက်ဖို့ မသေချာသေးဘဲ ဒီကနေ့ပွဲစဉ်ရလဒ်ကို စောင့်ကြည့်ရဦးမှာပါ။ ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ သရေတစ်မှတ်သာလိုအပ်

မန်ယူအသင်း ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ ဒီနေ့ဇော်ယာလူဟန့်စ်အသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ်သာ လိုအပ်ပါတယ်။ ဇော်ယာအသင်းကတော့ ဘယ်လိုရလဒ်ထွက်ထွက် အုပ်စုတက်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖိအားများနေတဲ့ မန်ယူအသင်း ဒီနေ့ပွဲကို အနိုင်ကစားဖို့ လိုမှာ ဖြစ်ပါတယ်။

၂။ ရွန်နေးအတွက် စံချိန်သစ်

play

 

ဖီယင်နုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရွန်နေးဟာ မန်ယူအသင်းအတွက် ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။ မန်ယူကစားသမားဟောင်း ဆာဘော်ဘီချာတန်ရဲ့ ကလပ်အသင်းအတွက် သွင်းဂိုးစုစုပေါင်း ၂၄၉ ဂိုးစံချိန်ကိုလိုက်မီဖို့တော့ တစ်ဂိုးလိုပါသေးတယ်။ ဒီနေ့ပွဲရွန်နေးဂိုးသွင်းနိုင်ရင်စံချိန်သစ်တင်နိုင်ပြီဖြစ်ပါတယ်။

၃။ အဲရစ်ဘေလီ

ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူခေါ်ယူခဲ့တဲ့ ထိပ်တန်းကစားသမားတွေထဲမှာ နောက်ခံလူ အဲရစ်ဘေလီလည်း အပါအဝင် ဖြစ်ပါတယ်။ အောက်တိုဘာလတုန်းက ချယ်လ်ဆီးကို ရှုံးတဲ့ပွဲမှာ အဲရစ်ဘေလီဒဏ်ရာရပြီး နားနေခဲ့ရတာပါ။ အခုတော့ ဒဏ်ရာသက်သာလာပြီဖြစ်လို့ ဒီနေ့ပွဲ ပြန်ပါလာနိုင်ပါတယ်။

၎။ ဖိုဆူမန်ဆက်ခ်ျ အတွက် အခွင့်အရေး

play

 

ဗန်ဟားလ်လက်ထက်မှာ မန်ယူအသင်းကြီးအတွက် ပွဲထွက်ခွင့်စတင်ရရှိခဲ့သူပါ။ ဒီရာသီ မော်ရင်ဟိုလက်အောက်မှာတော့ အသင်းကြီးမှာလိုလို ယူ-၂၃ အသင်းမှာလိုလို ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ပါ။ အသင်းကြီးအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ဇော်ယာလူဟန့်စ်အသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ ဖြစ်ပါတယ်။ အခု မန်ယူအသင်းမှာ ဗလန်စီယာ၊ ဒါမီယန်နှစ်ဦးလုံး မပါနိုင်လို့ ဖိုဆူမန်ဆက်ခ်ျပါဖို့ အလားအလာ ကောင်းနေပါတယ်။

၅။ အကြမ်းဖက် အန္တရာယ်

ဇော်ယာလူဟန့်စ်အခြေစိုက်ရာ လူဟန့်စ်ဒေသမှာ မငြိမ်းချမ်းလို့ ယူကရိန်းအရှေ့ပိုင်းအိုဒက်ဆာဒေသမှာ အိမ်ကွင်းအဖြစ် သတ်မှတ်ပြီး ကစားနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းဘောလုံးလူဆိုးပရိသတ်အချို့နဲ့ လူမိုက်အချို့ကြောင့် အရှေ့မှာ ကစားခဲ့တဲ့ ဖီယင်နု၊ ဖီနာဘာချီတို့နဲပွဲစဉ်မှာလည်း ပရိသတ်အကြမ်းဖက်ခံရမှုတွေ ရှိခဲ့ပါတယ်။ မန်ယူအသင်းဆိုရင် ဒီပွဲလိုက်တဲ့ မန်ယူပရိသတ်တွေ သတိထားကြဖို့နဲ့ လိုက်ပါအားမပေးချင်ဘူးဆိုရင် လက်မှတ်ခပြန်အမ်းဖို့တောင် ကမ်းလှမ်းထားပါတယ်။

Source : eurosports

Manchester United
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ