play

 

မန်ယူအသင်းဟာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ယူကရိန်းကလပ် ဇော်ယာလူဟန့်စ်အသင်းကို ၀-၂ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ပွဲမစခင်မှာ ယူကရိန်းရဲ့ ရာသီဥတုအခြေအနေကြောင့် စိုးရိမ်စရာ ဖြစ်ခဲ့ရပေမဲ့ ကစားပွဲစချိန်မှာတော့ ထင်သလောက် မဆိုးရွားခဲ့ပါဘူး။ ဒီပွဲအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက် ရှိပါတယ်။

၁။ အဲရစ်ဘိုင်လီ

play

 

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲနိုင်ပွဲပျောက်ခဲ့ပြီး ဖိအားများနေတဲ့ အသင်းဖြစ်ပါတယ်။ အခု ဒီပွဲမှာတော့ ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တဲ့ အဲရစ်ဘိုင်လီကို ပြန်ထည့်သွင်းနိုင်ခဲ့ပါတယ်။ ဇော်ယာနဲ့ မန်ယူအသင်းဟာ ခြေစွမ်းနဲ့ အင်အားခြင်း ကွာတယ်ဆိုပေမဲ့ မန်ယူအသင်းနောက်ခံလူ ဘိုင်လီဟာ အသင်းရဲ့ခံစစ်ကိုအကောင်းဆုံးဖြစ်အောင် ကူညီပေးနိုင်ခဲ့သူပါ။ အသင်းမှာ သူပြန်ပါဝင်နိုင်ပြီဖြစ်လို့ လာမယ့်ခရစ္စမတ်ကာလ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအတွက် အားရစရာပါ။

၂။ မပြောင်းလဲတဲ့ ကစားကွက်

မန်ယူအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ပေါ့ဂ်ဘာ၊ ရွန်နေး၊ အီဗရာဟီမိုဗစ်ခ်ျ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ မာတာ၊ ဒီပေး၊ လင်ဂတ်၊ ယာနူဇက်၊ အမ်ခီတာယန်၊ ဟာရဲယား စတဲ့ ကစားသမားကောင်းများစွာရှိပါတယ်။ ဒါပေမဲ့ အသင်းဟာ ကစားပုံမပြောင်းလဲဘဲ ကစားခဲ့လို့ ဇော်ယာအသင်းကို ကစားရခက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဇော်ယာအသင်းရဲ့ ညာဘက်ကွင်းလယ်ခံစစ်နဲ့ ညာဘက်ခံစစ်အခြမ်းကိုသာ အားပြုပြီးတိုက်စစ်ဆင်ခဲ့ပါတယ်။

အချိန်အတော်ကြာတဲ့အထိ ဒီနည်းဗျူဟာ အလုပ်မဖြစ်ခဲ့ပေမဲ့ မန်ယူအသင်းကတော့ ပထမပိုင်း တစ်ပိုင်းလုံးဒီလိုပဲ ကစားသွားတာ ဖြစ်ပါတယ်။ အမ်ခီတာယန်ရဲ့ အဖွင့်ဂိုးကလည်း တစ်ကိုယ်တော်အစွမ်းနဲ့ရခဲ့တာဖြစ်လို့ အသင်းကစားပုံကို ချီးကျူးလို့ မရပါဘူး။

၃။ အမ်ခီတာယန်၏ အကျိုးအမြတ်

play

 

အမ်ခီတာယန်ဟာ ဖိအားဒဏ်တွေ အများကြီးခံနိုင်တဲ့ ကစားသမားမဟုတ်လို့ ဖြေးဖြေးချင်းပွဲထုတ်နေတာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူရလဒ်တွေမကောင်းချိန်မှာ အမ်ခီတာယန်ပါဝင်ခွင့်မရလို့ သူဟာ အင်အားပြည့်နေတဲ့အပြင် ဖိအားကင်းနေတယ်လို့ပါ ဆိုနိုင်ပါတယ်။ အခု ဖိအားကင်းနေတဲ့ အမ်ခီတာယန်ရဲ့ အကျိုးအမြတ်ကို မန်ယူအသင်း ခံစားခဲ့ရပါပြီ။

၎။ အဝေးကွင်းမှာ အဆင်မပြေခဲ့တဲ့ မန်ယူအသင်း

ဇော်ယာလူဟန့်စ်အသင်း မန်ယူကိုဧည့်ခံကစားခဲ့တဲ့ အိုဒက်ဆာကွင်းဟာလည်း ရာသီဥတုအေးလွန်းတာကြောင့် မြက်ခင်းတွေဟာ အေးခဲလုနီးနီး ဖြစ်ခဲ့ပါတယ်။ ဆိုးသွမ်းပရိသတ်အချို့ကြောင့် မန်ယူဂိုးသမား ရိုမီယိုအနီးကို မီးပန်းကျလာပြီး ပေါက်ကွဲခဲ့ပါသေးတယ်။ ယူကရိန်းရောက်လာတဲ့ မန်ယူပရိသတ်တွေရဲ့ နဖူးစည်းစာတန်းလည်း အခိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။

၅။ အီဗရာဟီမိုဗစ်ခ်ျ

play

 

အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမဲ့ အီဗရာဟီမိုဗစ်ခ်ျရဲ့ဘောလုံးသမားတစ်ယောက်ဘဝ အကောင်းဆုံးအချိန်ဟာ ကျော်လွန်ခဲ့ပြီလားဆိုတာ ဇဝေဇဝါ ဖြစ်စရာပါ။ မန်ယူအတွက် နောက်ဆုံး ခြောက်ပွဲမှာ ၇ ဂိုးသွင်းခဲ့တဲ့ စွမ်းရည်က မသေးလှပါဘူး။ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ကို တလှည့်စီသုံးနေရချိန်မှာ အီဗရာဟီမိုဗစ်ခ်ျကတော့ မန်ယူအတွက် ပင်တိုင်တိုက်စစ်မှူး ဖြစ်လို့ နေပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video