International Sports: အာဆင်နယ်နဲ့ မန်စီးတီး ချန်ပီယံလိဂ်မှာ ဘယ်အသင်းနဲ့ တွေ့ရမလဲ

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်လို့ ရှုံးထွက်အဆင့်အတွက် မဲခွဲမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းမျဉ်းအတိုင်း အုပ်စုပထမရတဲ့ အသင်းတွေက အုပ်စုဒုတိယရတဲ့အသင်းတွေနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၆ သင်းအဆင့်မှာ နိုင်ငံတူအသင်းအချင်းချင်း တွေ့ဆုံဦးမှာ မဟုတ်သေးပါဘူး။

အုပ်စုနောက်ဆုံးပွဲမှာ အာဆင်နယ်အသင်းက ဘေဆယ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး အုပ်စုပထမရခဲ့တာပါ။ ဒါကြောင့် အုပ်စုဒုတိယ ရထားတဲ့ အသင်းတွေနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဘေယန်လေဗာကူဆင်၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ ရီးရဲလ်မက်ဒရစ်၊ ပေါ်တို၊ ဆီဗီးလ်အသင်းတို့ထဲက တစ်သင်းသင်းနဲ့ တွေ့ရဖွယ်ရှိပါတယ်။

မန်စီးတီးအသင်းကတော့  အုပ်စုဒုတိယသာ ရခဲ့တာပါ။ ဒါကြောင့် အသလက်တီကိုမက်ဒရစ်၊ ဒေါ့မွန်၊ ဂျူဗင်တပ်၊ မိုနာကို၊ နာပိုလီ တို့နဲ့ တွေ့ရဖွယ် ရှိပါတယ်။

play

 

လက်စတာအသင်းကလည်း အုပ်စုပထမ ရခဲ့တာပါ။ လေဗာကူဆင်၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဆီဗီးလ်တို့နဲ့ တွေ့ဆုံဖွယ် ရှိပါတယ်။

စပါးအသင်းကတော့ အုပ်စုတတိယရသာ ရခဲ့လို့ ယူရိုပါလိဂ် ဆင်းကန်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မဲခွဲပွဲကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ရှုံးထွက်အဆင့်တွေကို ဖေဖော်ဝါရီလမှာ စတင်ကစားမှာဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ