International Sports: ရော်နယ်ဒို ဆံပင်ရွှေရောင် ဆေးဆိုးလိုက်ရခြင်း အကြောင်းအရင်း

ရော်နယ်ဒိုတစ်ယောက် ဆံပင်ရွှေရောင်ဘာကြောင့် ပြောင်းလိုက်သလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြတာပါ။

Cristiano Ronaldo Amazing Hat-Trick
play

 

ရီးရဲလ်မက်ဒရစ် အသင်းကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ပေးဖို့ နီးကပ်လာတဲ့ အချိန်မှာ ဆံပင်ရွှေရောင်ဆိုးလိုက်ကြောင်း သိရပါတယ်။

play

 

The Mirror သတင်းစာရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဒီနှစ်ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရဖို့ သေချာနေပြီဖြစ်ပြီး လာမယ့်တနင်္လာနေ့မှာ ဓာတ်ပုံအရိုက်ခံမယ်လို့ သိရပါတယ်။ ဖီဖာနဲ့အတူ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အတူချီးမြှင့်တဲ့ France Football မဂ္ဂဇင်းက ရော်နယ်ဒိုကို အရင်ဆုံးလူတွေ့မေးမြန်းတွေ့ဆုံမှုတွေ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုဟာ စနေက ကစားခဲ့တဲ့ ဒီပို့တီပိုနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့လာလီဂါပွဲစဉ်မှာလည်း ပါဝင်ခြင်းမရှိဘဲ နည်းပြက အနားပေးခံထားရသူ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် အင်တာဗျူးဖြေပြီး ဓာတ်ပုံရိုက်တဲ့အခါ အဆင်သင့်ဖြစ်နေပြီး ဆုနဲ့ လိုက်ဖက်ညီအောင်လို့ ရော်နယ်ဒိုက ဆံပင်ရွှေရောင်ဆိုးထာတာ ဖြစ်မယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။

Source : Yahoo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ