International Sports: မက်ဆီထက် လစာနှစ်ဆခန့် ပိုရနေသည့် ကမ္ဘာ့လစာအကောင်းဆုံး ဘောလုံးသမား

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထက် လစာပိုများတဲ့ ဘောလုံးသမားရှိနေပါတယ်။

play

 

ကမ္ဘာ့ထိပ်တန်းဘောလုံးသမားတွေရဲ့ ဝင်ငွေနဲ့ လစာငွေတွေကို အသေးစိတ်ဖော်ပြထားတဲ့ စာရင်းတစ်ခု ပေါက်ကြားခဲ့ပြီးနောက် ကမ္ဘာ့လစာ အများဆုံး ဘောလုံးသမားဟာ မက်ဆီနဲ့ ရော်နယ်ဒို မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက် လစာငွေအမြောက်အမြား ပိုရနေတဲ့ ကစားသမားဟာ တရုတ်ပြည်မှာရှိနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီက လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခုနှစ်သောင်းခန့်ရရှိနေတယ်လို့ သိရပါတယ်။ မက်ဆီရဲ့လစာငွေဟာ ရော်နယ်ဒိုထက်လည်း နည်းပါနေပါသေးတယ်။

play

 

မကြာသေးခင်က စာချုပ်အသစ်ချုပ်ထားပြီးနောက် ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် သုံးသိန်းခြောက်သောင်းငါးထောင် ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လစာအများဆုံး ဘောလုံးသမားဟာ မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းဖော်လာဗက်ဇီ ဖြစ်နေပါတယ်။

play

 

လာဗက်ဇီဟာ တရုတ်စူပါလိဂ် ဟီဘိုင်းအသင်းမှာ ကစားနေတာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ လေးသိန်းလောက်ရမယ်လို့ အရင်က သတင်းထွက်ဖူးပါတယ်။ အခုပေါက်ကြားလာတဲ့ အချက်အလက်တွေအရ တိုက်စစ်မှူး လာဗက်ဇီဟာ စူပါလိဂ်ကလပ် ဟီဘိုင်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် လေးသိန်းကိုးသောင်းသုံးထောင်လောက် ရရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ရော်နယ်ဒိုထက်လည်း များပြားတဲ့လစာဖြစ်တဲ့အပြင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားငါးကြိမ်ဖြစ်ထားတဲ့ မက်ဆီရဲ့ လစာထက် နှစ်ဆနီးပါး များပြားတဲ့ ငွေကြေးဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ