International Sports: ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ် တွေ့ဆုံနေတဲ့ ၁၆ သင်းအဆင့် ချန်ပီယံလိဂ် ပွဲစဉ်များထွက်ပေါ်

, updated

ချန်ပီယံလိဂ်မှာ ၂၀၁၄ ခုနှစ်တုန်းက နှစ်ကျော့ပေါင်းရလဒ်နဲ့ ဘိုင်ယန်မြူးနစ် အနိုင်ရခဲ့တာဖြစ်ပါတယ်။

play


ချန်ပီယံလိဂ်  ၁၆ သင်းရှုံးထွက်အဆင့် အုပ်စုမဲခွဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်အသင်း ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အုပ်စုပထမရခဲ့ပေမယ့် တစ်ဖက်မှ အုပ်စုဒုတိယရခဲ့တဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ် ပါဝင်နေခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ လာရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်တွေကို ဖော်ဖော်ဝါရီ ၁၄ ရက်နေ့မှာ စတင်ကစားကြမှာ ဖြစ်ပါတယ်။

play


လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက အီတလီကလပ် နာပိုလီနဲ့တွေ့ဆုံရမှာဖြစ်ပြီး မန်စီးတီးကတော့ ပြင်သစ်ကလပ် မိုနာကိုနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ပေါ်တိုအသင်းက ဂျူဗင်တပ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသလက်တီကိုက လေဗာကူဆင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play


" ကျွန်တော်အသင်းဟာ အခုပုံစံကောင်း ရရှိနေတဲ့အချိန်ပါ။ ပရီးမီးယားလိဂ်မှာလည် အခုဒုတိယနေရာမှာ ရှိနေပါတယ်။ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ပိုပြီးပျော်မိပါတယ်" လို့ အာဆင်နယ်အသင်းအတွင်းရေးမှူး ဒေးဗစ်မီးလ်က ပြောပါတယ်။

Source : UEFA

ဘိုင်ယန်မြူးနစ်ကို အာဆင်နယ် ရှုံးကြွေးဆပ်နိုင်မည် ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ