play

 

ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ယနေ့မဲနှိုက်ရေးဆွဲခဲ့ပြီးတဲ့နောက်မှာ မန်ယူအသင်းက ပြင်သစ်ကလပ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်းသိရပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာ ယူကရိန်ကလပ် ဇော်ယာအသင်းကို အနိုင်ရခဲ့ပြီးတဲ့နောက် အခု ၃၂ အသင်းရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် မန်ယူနဲ့ စိန့်အက်တီယန်အသင်း တို့တွေ့ဆုံရာကတဆင့် ပေါ့ဂ်ဘာတို့ညီအစ်ကိုနှစ်ဦး ပြန်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

play

 

ပြင်သစ်လက်ရွေးစင် ကစားသမားလည်းဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာဟာ လက်ရှိမန်ယူမှာ ကစားနေသူဖြစ်ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ ဖလော်ရန်တင်ပေါ့ဂ်ဘာကတော့ စိန့်အက်တီယန်အသင်းမှာ ကစားနေသူဖြစ်ပါတယ်။ သူတို့မှာညီအစ်ကိုသုံးဦးရှိကြပြီး အားလုံးက ဘောလုံးသမားတွေလည်း ဖြစ်ပါတယ်။ အခုတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပေါ့ဂ်ဘာညီအစ်ကိုနှစ်ဦးပြန်တွေ့တဲ့ပွဲစဉ်ကို ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။

play
ဗီလာရီးရဲလ်အသင်း

 

ဗီလာရီးရဲလ်က ရိုးမားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ် ပြုတ်လာတဲ့ စပါးအသင်းက ဂျန့်တ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video