International Sports: ရွှေဘောလုံးဆုကို ရော်နယ်ဒို လေးကြိမ်မြောက်ရရှိပြီး မက်ဆီ၏ စံချိန်ကို လိုက်မီရန်နီးကပ်လာ

၂၀၁၆ အတွက် အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့တာပါ။

Cristiano Ronaldo Wins BALLON D'OR 2016
play

 

၆၁ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဘလွန်းဒီအော်ဆုပေးပွဲမှာ ရော်နယ်ဒိုက ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို လက်ခံရရှိသွားခဲ့ပါတယ်။

play

 

ရော်နယ်ဒိုအတွက် ဘလွန်းဒီအော်ဆုကို လေးကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အဓိက ပြိုင်ဘက် မက်ဆီရဲ့ ငါးကြိမ်မြောက် ဘလွန်းဒီအော်ဆုကို လိုက်မီဖို့ တစ်ကြိမ်သာ ကျန်ပါတော့တယ်။ ဒီနှစ်ဘလွန်းဒီအော် ဆုပေးပွဲကို ယခင်လို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့ ပူးပေါင်းကျင်းပတာ မဟုတ်ဘဲ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက သီးသန့်ခွဲထွက် ကျင်းပခဲ့တာဖြစ်ပါတယ်။

play

 

ဒါကြောင့် ဆုပေးပွဲကို စောစောစီးစီးပဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဆုပေးပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ရော်နယ်ဒိုဆုရထားတဲ့ ဓာတ်ပုံတွေနဲ့ ရိုက်နှိပ်ထားတဲ့ မဂ္ဂဇင်းဟာ လူမှုကွန်ရက် အင်တာနက်မှာ ပေါက်ကြားလာခဲ့တာပါ။ ဆုပေးပွဲ ကျင်းပချိန်မှာ ဆုရရှိခဲ့တဲ့ ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ဂျပန်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျပန်ကိုမသွားခင်မှာ ဘလွန်းဒီအော်ဆုအတွက် ဓာတ်ပုံရိုက်ခံခဲ့ပြီး အင်တာဗျူးတွေလည်း ကြိုတင်ဖြေကြားခဲ့တာပါ။ " ကျွန်တော့်အတွက် လေးကြိမ်မြောက် ရွှေဘောလုံးဆုဟာ ဂုဏ်ယူစရာပါ။ ပထမဆုံးအကြိမ် ရတုန်းက ခံစားမှုလိုပဲ ခံစားရပါတယ်။ ဒီဆုကို လေးကြိမ်ရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။  တကယ်ကို ပျော်ရွှင်ရပါတယ်" လို့ ရော်နယ်ဒိုက ဆုပေးပွဲအတွက် ဗီဒီယိုမက်ဆေ့ခ်ျ ချန်ထားခဲ့ကြောင်း သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ