International Sports: လေယာဉ်ပျက်ကျလို့ နောက်ဆုံးပွဲ မကစားနိုင်ခဲ့တဲ့ ရှာပီကွမ်းစ်အသင်း ဒဏ်ရိုက်ခံရ

play

 

ဗိုလ်လုပွဲ သွားကစားဖို့ ခရီးထွက်ရာမှာ လေယာဉ်ပျက်ကျခဲ့လို့ ပြည်တွင်းအမှတ်ပေးဖလားကို ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကိုပါ မကစားနိုင်ခဲ့တဲ့ ဘရာဇီးကလပ်အသင်း ရှာပီကွမ်းစ်အသင်းဟာ ဒဏ်ရိုက်ခံလိုက်ရကြောင်း သိရပါတယ်။

ကိုလံဘီယာမှာ တောင်အမေရိက ကလပ်အသင်းများ ဗိုလ်လုပွဲကစားဖို့အသွား လေယာဉ်ပျက်ပြီး အသင်းကစားသမား သုံးဦးသာ အသက်ရှင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲလည်း မကစားနိုင်ခဲ့တဲ့အပြင် ရှာပီကွမ်းစ်အသင်းဟာ ဘရာဇီးပြည်တွင်း ချန်ပီယံရှစ် အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကိုလည်း မကစားနိုင်ခဲ့ပါဘူး။

play

 

ရှာပီကွမ်းစ်အသင်းနဲ့ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ကစားမယ့် မင်နဲရိုးအသင်းဘက်ကလည်း ပြိုင်ဘက်အသင်းရဲ့ ဖြစ်ရပ်ဆိုးကို စာနာသောအားဖြင့် လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကိုမကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းအရ ပွဲကစားဖို့ ရောက်မလာတဲ့အသင်းက ၃-၀ ဂိုးနဲ့ အရှုံးပေးရမယ်ဆိုတဲ့ စည်းကမ်းကိုတော့ ဘရာဇီးတရားရုံးချုပ်က နှစ်သင်းလုံးအပေါ် ညီမျှစွာ ချမှတ်ခဲ့ပါတယ်။

play

 

လေယာဉ်ပျက်ကျပြီး တောင်အမေရိက ကလပ်အသင်းများ ဗိုလ်လုပွဲ မကစားနိုင်ခဲ့တဲ့ ရှာပီကွမ်းအသင်းကို ချန်ပီယံ အဖြစ် သတ်မှတ်ပေးဖို့ ပြိုင်ဘက်ကိုလံဘီယာအသင်း အသလက်တီကိုနေစီယွန်နယ်က နားလည်မှုရှိစွာ တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ရှာပီကွမ်းစ်အသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

 

စီနီယာဘောလုံးသမားတွေမရှိတော့လို့ ပြည်တွင်းလိဂ်ဖလား နောက်ဆုံးပွဲ မကစားနိုင်ခဲ့တဲ့ ရှာပီကွမ်းစ်အသင်းကို ယူရို ၂၈၃၀၀၀ ဒဏ်ရိုက်ခံရကြောင်း သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ