International Sports: အာဆင်နယ်ကို လှောင်ပြောင်သည့် ဂိုးသမားနူအာကို အိုဇေးလ်က လူမှုကွန်ရက်တွင် ပြန်လည်ချေပ

အာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ တွေ့ရတဲ့အတွက် နူအာက အိုဇေးလ်ကို ဓာတ်ပုံတစ်ပုံနဲ့ လှောင်ပြောင် စ, နောက်လိုက်တာ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် တွေ့ဆုံရမယ့်ပွဲစဉ် ထွက်လာပြီးနောက် အာဆင်နယ်ကို လှောင်ပြောင်တဲ့ ဂိုးသမားနူအာကို အိုဇေးလ်က အကောင်းဆုံး တုန့်ပြန်လိုက်ပါတယ်။

play

 

အုပ်စုအဆင့်အလွန် ၁၆ သင်းရှုံးထွက်အဆင့်မှာ  အာဆင်နယ်အသင်းက ဂျာမနီထပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့တွေ့ဆုံနေတဲ့အတွက် လူမှုကွန်ရက်မှာလည်း အာဆင်နယ်အသင်းကို ပြိုင်ဘက်ပရိသတ်အချို့က လှောင်ပြောင်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ငါးနှစ်အတွင်း ချန်ပီယံလိဂ်မှာ သုံးကြိမ်မြောက် တွေ့ဆုံရတာ ဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ်အရ တွေ့ဆုံမှုတွေမှာ အသာစီး မရထားတဲ့ အသင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုမကျော်ဖြတ်နိုင်ဘဲဖြစ်ခဲ့တာက နောက်ဆုံးကစားခဲ့တဲ့ ခြောက်နှစ်ဆက်တိုက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တွေ့ဆုံခဲ့တုန်းက ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာဟာ အိုဇေးလ်ကန်သွင်းတဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပါတယ်။ နူအာက ဒီဓာတ်ပုံကို သူ့ရဲ့တွစ်တာအကောင့်ကတစ်ဆင့် ပြန်လည်ဝေမျှဝေခဲ့တာ ဖြစ်ပါတယ်။

 

ဂိုးသမား နူအာက အဲဒီဓာတ်ပုံကို တင်ခဲ့ပြီးနောက်မှာ အိုဇေးလ်ကလည်း နူအာကို ၂၀၁၅ တွေ့ဆုံမှုတုန်းက ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဓာတ်ပုံကို အားကျမခံ ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။

 

သူတို့နှစ်ဦးဟာ ဂျာမနီလက်ရွေးစင်အသင်းဖော်တွေလည်းဖြစ်ကြပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ