play

 

ဒီဘက်ခေတ် ဘောလုံးလောကမှာ လက်ရှိအချိန်ထိ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုနဲ့ ဘာစီလိုနာ ကစားသမား မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအဖြစ် ပေးအပ်တဲ့ ဘလွန်းဒီအော်ဆုကို တစ်လှည့်စီရရှိနေတာ ကိုးနှစ်ဆက်တိုက် ရှိသွားခဲ့ပြီဖြစ်ပါတယ်။

play

 

တစ်ဖက်ကပြန်ကြည့်ရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဆယ်စုနှစ်တစ်ခုစာလောက် ဘောလုံးလောကကို စိုးမိုးထားတာကြောင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးရဲ့ ခြေစွမ်းမျိုးရှိရက်နဲ့ ရွှေဘောလုံးဆုကို မရခဲ့သူတွေရှိပါတယ်။ ယမန်နေ့ညက ပါရီမှာ ကျင်းပတဲ့ဘောလုံးပွဲမှာလည်း ရော်နယ်ဒိုက လေးကြိမ်မြောက် ရွှေဘောလုံးဆုကို ရရှိခဲ့ပြီး မက်ဆီရဲ့ ငါးကြိမ်မြောက်စံချိန်ကို လိုက်မီဖို့ တစ်ကြိမ်သာ လိုတော့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးမရှိရင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ရနိုင်ချေရှိတဲ့ ဘောလုံးသမား (၅) ဦးရှိပါတယ်။

၁။ ဂရိဇ်မန်း (အသလက်တီကို-၂၀၁၆)

play

 

ဆိုဆီဒက်အသင်းမှာ တောက်ပလာတဲ့ ဂရိဇ်မန်းကို အသလက်တီကိုက ခေါ်ယူခဲ့တာဖြစ်ပြီး အခုတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား သုံးဦးစာရင်းမှာ နှစ်နှစ်ဆက်တိုက်ပါဝင်ခဲ့သူပါ။ ယူရိုချန်ပီယံရှစ်မှာ ပြင်သစ်အသင်းကို ဦးဆောင်ပြီး ဗိုလ်လုပွဲရောက်အောင် ပို့ပေးခဲ့သလို အသလက်တီကိုနဲ့လည်း အကောင်းဆုံးခြေစွမ်းရနေသူ ဖြစ်ပါတယ်။ သိပ်မဝေးတော့တဲ့ ကာလမှာ သူလည်းရွှေဘောလုံးဆု ရသူဖြစ်ရမယ်လို့ ကြွေးကြော်ထားပါတယ်။

၂။ နေမာ (ဘာစီလိုနာ-၂၀၀၅)

နေမာဟာ ဘရာဇီးအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရခဲ့ရင် အဲဒီနှစ်အတွက် ရွှေဘောလုံးဆုကို ရချင်ရခဲ့မှာပါ။ ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ ဂျာမနီကို အရှက်တကွဲရှုံးပြီး အိပ်မက်ပြယ်လွင့်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီဘောလုံး ရာသီတုန်းက နေမာဟာ ဘာစီလိုနာ အသင်းအတွက် ၅၁ ပွဲကစားပြီး ၃၉ ဂိုးသွင်းတဲ့အထိ ခြေစွမ်းပြခဲ့သူပါ။ အဲဒီနှစ်ကပဲ ဘာစီလိုနာနဲ့အတူ အမှတ်ပေးဖလား ထပ်ဆင့်ရပြီး ချန်ပီယံလိဂ်ပါ ရခဲ့ပေမဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတော့ မဖြစ်ခဲ့ပါဘူး။

၃။ နူအာ (ဘိုင်ယန်မြူးနစ် - ၂၀၁၄)

play

 

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီဂိုးသမား နူအာဟာ ၂၀၁၆ ခုနှစ်တုန်းက နောက်ဆုံးဆန်ခါတင်သုံးဦးစာရင်းထဲအထိ ပါဝင်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာကမ္ဘာ့ဖလားရခဲ့တဲ့ အီတလီဂိုးသမားဘူဖွန်နောက်ပိုင်း ဆန်ခါတင် သုံးဦးစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ ဂိုးသမားဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နူအာက ဘိုင်ယန်မြူးနစ် ဖလားနှစ်လုံးရအောင် စွမ်းဆောင်ပေးခဲ့တဲ့အပြင် ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားလည်း ရခဲ့သူ ဖြစ်ပါတယ်။ အဲဒီနှစ်ကလည်း နူအာဟာ ရော်နယ်ဒိုကို မကျော်လွှားနိုင်ခဲ့ပါဘူး။

၎။ ရီဘာရီ (ဘိုင်ယန်မြူးနစ် - ၂၀၁၃)

၂၀၁၂-၁၃ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်ဖလားသုံးလုံးရခဲ့ပြီး အဲဒီနှစ်မှာ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ရီဘာရီရဲ့ စွမ်းဆောင်ရည်ဟာ အထူးကောင်းမွန်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ ရီဘာရီရဲ့ အကူအညီနဲ့ အာဆင်နယ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ရွှေဘောလုံးဆုမှာလည်း ရီဘာရီက မဲအနည်းဆုံး ရရှိခဲ့ပြီး တတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၅။ အင်နီယေစတာ(ဘာစီလိုနာ - ၂၀၁၂)

play

 

ဘာစီလိုနာအသင်း ကွင်းလယ်ဗိုလ်ချုပ်ဖြစ်ခဲ့တဲ့ ဇာဗီနဲ့အတူ အမြဲတမ်းရှိခဲ့တဲ့ အင်နီယေစတာဟာလည်း ၂၀၁၂ ခုနှစ်မှာ နောက်ဆုံး ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့သူပါ။ ဘောလုံးသမားကောင်း ဖြစ်ဖို့အတွက် လူကောင်ကြီးဖို့နဲ့ ဗလတောင့်ဖို့ မလိုဘူးဆိုတာ အင်နီယေစတာက သက်သေပြခဲ့သူပါ။ ၂၀၁၂ ခုနှစ်မှာ စပိန်အသင်း ယူရိုချန်ပီယံရှစ် ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲအချိန်ပိုမှာ အနိုင်ဂိုး သွင်းခဲ့သူပါ။

Source : Givemesport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video