International Sports: မက်ဆီနှင့် တစ်သင်းတည်းကစားဖို့ ဆန္ဒရှိတဲ့ ရော်နယ်ဒို

ဘလွန်းဒီအော်ဆုအတွက် အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက မက်ဆီနဲ့ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ်ရွှေဘောလုံးဆုကို ရရှိသွားခဲ့တဲ့ ရော်နယ်ဒိုက ပြိုင်ဘက်မက်ဆီနဲ့ တစ်သင်းတည်းမှာ အတူကစားချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီဘက်နောက်ပိုင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီဟာ နှစ်စဉ်အကောင်းဆုံးဘောလုံးသမားဆုကို တစ်လှည့်စီ ရယူနေခဲ့တဲ့ ပြိုင်ဘက်နှစ်ဦးဖြစ်ပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒို ရရှိသွားပြီးနောက်မှာ မက်ဆီရဲ့ ရွှေဘောလုံးဆု ငါးကြိမ်ရထားတဲ့ စံချိန်ကို လိုက်မီဖို့ တစ်ကြိမ်သာ လိုတော့တာ ဖြစ်ပါတယ်။

play

 

အကောင်းဆုံးဘောလုံးသမားဆု ပေးအပ်တဲ့ ပြင်သစ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ မက်ဆီနဲ့ တစ်သင်းတည်း ကစားရမယ်ဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။ ကစားသမားကောင်းတွေဟာ တစ်သင်းတည်းမှာ ကစားသင့်တယ်လို့ ဆက်ပြီး ဖြေကြားခဲ့တာပါ။

play

 

" ကစားသမားကောင်းတွေက တစ်သင်းတည်းမှာ အတူရှိသင့်တယ်လေ။ ကျွန်တော်တို့နှစ်ယောက် တစ်သင်းတည်းမှာဆိုရင် အတော်စိတ်ဝင်စားဖို့ ကောင်းမှာပဲ။ မက်ဆီလည်း အကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာ အားလုံးသိတာပဲလေ။ သူက ဘလွန်းဒီအော်ဆု ငါးကြိမ်တောင်ရထားတာ" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

Source : Daily Mail

ရော်နယ်ဒိုနှင့်မက်ဆီ ဘယ်သူပိုကောင်းသည်ဟု ထင်ပါသလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ