International Sports: ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နှင့် ဂျပန်ကလပ် တွေ့ဆုံ

ဗိုလ်လုပွဲကို တနင်္ဂနွေနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

Cristiano Ronaldo after his Goal vs Club America
play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကလပ်အသင်းများကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကလပ်အမေရိကအသင်းကို အနိုင်ရပြီးနောက် ဗိုလ်လုပွဲမှာ ဂျပန်ကလပ် ကာရှီမာကန်တလာအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူး ဘန်ဇီမား၊ ရော်နယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ မက္ကဆီကိုကလပ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ပွဲစဉ်မတိုင်ခင် တစ်ရက်အလိုမှာ ဂျပန်ကလပ် ကာရှီမာအန်းတလားစ်အသင်းက အသလက်တီကိုနေစီယိုနယ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ အသင့်စောင့်ကြိုနေတာ ဖြစ်ပါတယ်။

play

 

ဗိုလ်လုပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ၂၀၁၄ ခုနှစ်မှာလည်း ရရှိထားပါသေးတယ်။ တနင်္ဂနွေနေ့ ကစားရမယ့်ပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဂျပန်အသင်း တစ်သင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ ကျွန်တော်တို့ ရင်ဆိုင်ရမှာလေ။ ဒါပေမဲ့ ဒီဆုဖလားကို ရဖို့အတွက် ကျွန်တော်တို့ စိတ်ဓာတ်အင်အားရရှိဖို့ ပြင်ဆင်ထားပါတယ်" လို့  အသင်းနည်းပြ ဇီဒန်းက ပြောထားပါတယ်။

play

 

ဒီနှစ် ဂျပန်မှာပြုလုပ်ခဲ့တဲ့ ကလပ်အသင်းများ  ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးသမိုင်းတစ်လျှောက် ဒိုင်လူကြီးတွေက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချခါနီးမှာ ဗီဒီယိုမှတ်တမ်းပြန်ကြည့်ပြီး ဆုံးဖြတ်တဲ့ ပထမဆုံးပြိုင်ပွဲဖြစ်ပါတယ်။ ဘောလုံးဒိုင်လူကြီးတွေ အနေနဲ့ ဗီဒီယိုမှတ်တမ်းပြန်ကြည့်ပြီး ဆုံးဖြတ်ချက်ချတဲ့ ပထမဆုံး ပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။

ှSource : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ