International Sports: ပင်နယ်တီကို ငြင်းပယ်ပြီး အဖြစ်မှန်ရှင်းပြခဲ့သည့် တိုက်စစ်မှူးကို ပြိုင်ဘက်ကစားသမားက ဖက်နမ်း

ကွင်းလယ်ဒိုင်ပင်နယ်တီသတ်မှတ်ပေးပေမဲ့ အဆိုပါတိုက်စစ်မှူးက ပင်နယ်တီပြစ်ဒဏ်မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။

German league footballer Toni Munoz
play

 

ယနေ့ခေတ်ဘောလုံးပြိုင်ပွဲတွေမှာ ဘောလုံးသမားအချို့ လိမ်ညာလှည့်ဖြားပြီး ပင်နယ်တီတွေ၊ ပြစ်ဒဏ်ဘောတွေ တောင်းယူတာ များပြားလျက်ရှိပေမဲ့ ဂျာမနီက ဘောလုံးသမားတစ်ဦးကတော့ အရိုးသားဆုံး ကစားပြခဲ့တဲ့အတွက် ချီးကျူးခံနေရပါတယ်။

play

 

ဂျာမနီအဆင့်နိမ့်တန်း ပြိုင်ပွဲက ဘိုချော့လ်အသင်းနဲ့ ဘမ်းဘာ့ဂ်အသင်းတို့ရဲ့ ပြိုင်ပွဲမှာ ကစားသမားတစ်ဦးက ကွင်းလယ်ဒိုင်ပေးတဲ့ ပင်နယ်တီပြစ်ဒဏ်ကိုငြင်းပယ်ပြီး သူ့ရဲ့ရိုးသားမှုကို ပြသခဲ့ပါတယ်။ ပွဲကစားနေစဉ်အတွင်း ဘိုချော့လ်ကစားသမားဖြစ်တဲ့ မူနော့ဇ်က ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်းမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ဟန့်တားမှုကြောင့် လဲကျသွားပါတယ်။

play

 

မူနော့ဇ်လဲကျသွားပြီးနောက် ကွင်းလယ်ဒိုင်က အမြင်မှားကာ ဘိုချော့လ်အသင်းကို ပင်နယ်တီပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘမ်းဘာ့ဂ်အသင်းသားတွေက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတွက် စောဒက အပြင်းအထန်တက်နေစဉ်မှာပဲ လဲကျသွားတဲ့ ကစားသမားမူနော့ဇ်က ဝင်လာပြီး ဒါဟာပြိုင်ဘက်က သူ့ကိုဥပဒေပ ကစားခဲ့တာ မဟုတ်ကြောင်းနဲ့ သူကိုယ်တိုင် ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးခဲ့ပါတယ်။

သူ့ရဲ့ရိုးသားမှုကြောင့် ပြိုင်ဘက်ကစားသမားတွေဟာ ဂုဏ်ပြုခဲ့ကြပြီး ကစားသမားတစ်ဦးဆိုရင် မူနော့ဇ်ကို ဖက်တောင်းနမ်းခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ